File Properties ကို လေ့လာခြင်း

Written by S.N.O Published in 15 Sep 2014

        ကွန်ပျူတာအတွင်း ပါဝင်သော File အားလုံးတွင် သက်ဆိုင်ရာ Properties များ ရှိကြပါတယ်။

File Properties တွေဟာ ဘာကိုပြသသလဲဆိုတော့ သက်ဆိုင်ရာ File ရဲ့ Characteristics ကို ညွှန်ပြခြင်းသာ ဖြစ်ပါတယ်။

        ဒါကြောင့် File Properties ကို ကြည့်ရှုခြင်းအားဖြင့် မည်သည့် File အမျိုးအစားဖြစ်သည် ဘယ် Program နဲ့ ဖွင့်လှစ်နိုင်သည်ဆိုတာကိုပါ အလွယ်တကူ သိရှိနိုင်ပါတယ်။

        File Properties တွေဟာ File အရွယ်အစား ၊ File Type များကို ပြသပေးနိုင်ယုံသာမကပဲ ဒီ File ဟာ Hidden ဖြစ်နေသလား ၊ Read Only ဖြစ်နေသလားဆိုတာတွေကိုပါ ပြသပေးပါတယ်။

Hidden ဖြစ်နေတဲ့ File ဆိုတာကတော့ ဒီ File ကို ပုံမှန် Windows Explorer မှာ မြင်တွေ့ရမှာ မဟုတ်ပဲ Hidden ကိုဖော်ပြီးမှသာ ပြန်လည်ကြည့်ရှုနိုင်တဲ့ File အမျိုးအစား များကို ခေါ်ဆိုတာဖြစ်ပါတယ်။

         Read Only File တွေကတော့ Delect , Copy , Paste , Rename များ ပြုလုပ်လို့မရတဲ့ System File အမျိုးအစားများကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ အချို့သော Windows OS အတွင်းရှိ Read Only File များကို Delete လုပ်လိုက်ခြင်းအားဖြင့် Windows ပြန်မတက်တော့တာတွေ ၊ ကွန်ပျူတာ ခဏခဏ Hang ဖြစ်တာမျိုးတွေကို ကြုံတွေ့ရနိုင်ပါ တယ်။

        ကွန်ပျူတာအတွင်းမှာ ပါဝင်သော File များရဲ့ Properties ကို ကြည့်ရှုရန်အတွက် ၎င်း File ကို Right Click နှိပ်ပြီး ကျလာသော box မှ Properties ကို ရွေးချယ်ကာ ကြည့်ရှုနိုင်ပါတယ်။

 

 

        အပေါ်ကပုံကို လေ့လာကြည့်ပါ။ General Tab ဟာ File တစ် File ရဲ့ အမျိုးအစား ၊ အရွယ်အစားများကို ပြသပေးထားတာကို တွေ့ရပါလိမ့်မယ်။ Type of File ဆိုတဲ့ ဘေးနားမှာ Text Document လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဒီ File အမျိုးအစားဟာ စာသား File တစ်မျိုးဖြစ်တယ်ဆိုတာကို သိရှိနိုင်ပါတယ်။ Open With ကတော့ ဘယ် Program နဲ့ ဖွင့်သင့်သလဲဆိုတာကို ညွှန်ပြပေးနေတာ ဖြစ်ပါတယ်။ Location ကတော့ File ရဲ့ တည်နေရာကို ပြောတာဖြစ်ပြီး Size ကတော့ File ရဲ့ အရွယ်အစားကို ပြောတာဖြစ်ပါတယ်။

        Creted ကတော့ File စတင် ဖန်တီးခဲ့တဲ့ နေ့စွဲနဲ့အချိန်ကို ပြောတာဖြစ်ပါတယ်။ Modified ကတော့ ဒီ File ကို ပြန်လည်ပြုပြင်ထားတဲ့ နေ့စွဲကို ပြောတာပါ။ Attributes ကတော့ ဒီ File ဟာ Read only , Hidden စတဲ့ Attribute တွေ ထည့်သွင်းထားသလားဆိုတာကို ဖော်ပြပေးတာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ File Properties မှာ ပါဝင်တဲ့ အချက်အလက်တွေ အညွှန်းတွေကို နားလည်သဘောပေါက်စွာ ဖတ်ရှုလေ့လာနိုင်ပြီ ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.