Folder များကို အရောင်မျိုးစုံ ပြောင်းလဲပေးမည့် FolderColorizer Software

Written by S.N.O Published in 02 Sep 2014

FolderColorizer Software လေးကတော့ သင့်ကွန်ပျူတာအတွင်း အသုံးပြုလျှက်ရှိတဲ့ Folder များကို အရောင်မျိုးစုံ ပြောင်းလဲပေးနိုင်သော Software လေး ဖြစ်ပါတယ်။

         အသုံးပြုရာမှာ လွယ်ကူရိုးရှင်းပြီး မည်သည့် Folder ကိုမဆို နှစ်သက်ရာ အရောင်မျိုးစုံသို့ ပြောင်းလဲပေးနိုင်ပါတယ်။ FolderColorizer ဆော့ဖ်ဝဲကို အင်တာနက်မှာ အခမဲ့ Download ပြုလုပ်ကာ ရယူအသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ File Size ဟာလည်း သေးငယ်တာကြောင့် Download ပြုလုပ်ရာမှာ အခက်အခဲ မရှိ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

 

 

        FolderColorizer ကို Download ပြုလုပ်ပြီးသွားပြီဆိုရင်တော့ ၎င်း Software လေးကို Run ပြီး Install အရင် ပြုလုပ်လိုက်ပါ။ Install ပြုလုပ်ပြီးတာနဲ့ သင့်ကွန်ပျူတာအတွင်းရှိ Folder များကို သင်နှစ်သက်ရာ အရောင်များအဖြစ် ပြောင်းလဲ နိုင်ပြီ ဖြစ်ပါတယ်။

အရင်ဦးဆုံး နှစ်သက်ရာ Folder တစ်ခုကို Right Click နှိပ်လိုက်ပါ။ ပြီးနောက် Colorize ဆိုတာကို ရွေးပြီးနောက် နှစ်သက်ရာ အရောင်တစ်မျိုးမျိုးကို ရွေးချယ်ပြီး Folder များကို အရောင်ပြောင်းလဲနိုင် ပါတယ်။

 

 

        တကယ်လို့ အရောင်ပြောင်းလဲလိုက်ပြီးနောက် ၎င်း အရောင်ကို မနှစ်သက်ဘူးဆိုရင်တော့ Restore Origianal Color ကို ပြန်လည်ရွေးချယ်ကာ မူလအရောင်အတိုင်း ပြန်လည်ခေါ်ယူလို့ ရပါတယ်။

ဒါကြောင့် Folder အရောင်များကို ဆန်းဆန်းပြားပြားလေးတွေ နှစ်သက်တဲ့သူတွေအနေဖြင့် အသုံးပြုသင့်တဲ့ ဆောဖ့်ဝဲလေး တစ်ခု ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.