Folder Icon အား နှစ်သက်ရာ ပုံများ ထည့်သွင်းခြင်း
သင့်ကွန်ပျူတာအတွင်း အသုံးပြုထားသော Folder များရဲ့ Icon ပုံများအား နှစ်သက်ရာ ဓါတ်ပုံများ ထည့်သွင်းထားနိုင်ပါတယ်။ ဒီလို Folder များနဲ့ ဓါတ်ပုံများ ပေါင်းစပ်ထားခြင်းအားဖြင့် ၎င်း Folder ဟာ မည်သည့် Folder ဖြစ်သည်ကို အလွယ်တကူ သိရှိနိုင်ပါတယ်။
ပထမဦးဆုံး သင့်ကွန်ပျူတာအတွင်းရှိ Folder တစ်ခုခုပေါ်မှာ Right Click နှိပ်ပြီး Properties ကိုရွေးလိုက်ပါ။
ပြီးနောက် Choose File နေရာမှာ Click တစ်ချက် နှိပ်လိုက်ပါ။
ကွန်ပျူတာအတွင်း နှစ်သက်ရာပုံတစ်ပုံကို ရွေးချယ်လိုက်ပါ။ ပြီးနောက် Apply > OK ကို နှိပ်လိုက်ပါ။ ဆက်လက်ပြီး F5 ကိုနှိပ်ကာ Refresh လုပ်လိုက်ပါ။
အခုဆိုရင်တော့ Folder ပေါ်မှာ ရွေးချယ်ပေးလိုက်တဲ့ ပုံလေးဝင်ရောက်သွားတာကို တွေ့မြင်ရပြီ ဖြစ်ပါတယ်။