FolderProtector ကို သုံးပြီး File များကို Lock ချခြင်း
Folder Protector ဆော့ဖ်ဝဲလေးကတော့ သင့်ကွန်ပျူတာအတွင်းရှိ File များကို အကောင်းဆုံး Lock လုပ်ပေးနိုင်တဲ့ ဆောဖ့်ဝဲ ဖြစ်ပါတယ်။
ယခုနောက်ဆုံးထွက်တဲ့ Version ကတော့ Version 2.5 ဖြစ်ပါတယ်။
အသုံးပြုရာမှာ လွယ်ကူရှင်းလင်းပြီး File Size အရွယ်အစားဟာလည်း 57 KB အဆင့်သာ ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ တော်တော်လေး ကောင်းမွန်ပါတယ်။ ကွန်ပျူတာအတွင်း အခြားသူများ မသိစေချင်သော အကြောင်းအရာများ ၊ Folder များ ၊ ဓါတ်ပုံများကို အလွယ်ကူဆုံး Lock ချထားလို့ ရပါတယ်။
နောက်ထပ် အားသာချက်ကတော့ ဒီဆောဖ့်ဝဲကို Install ပြုလုပ်စရာမလိုပဲ တိုက်ရိုက်အသုံးပြုနိုင်ပါတယ်။ အရင်ဆုံး သင့်ကွန်ပျူတာအတွင်း FolderProtector ကို Download ဆွဲထားရမှာ ဖြစ်ပါတယ်။ FolderProtector ကို tweakandtrick.com မှာ ၀င်ရောက် Download ပြုလုပ်နိုင်ပါတယ်။
ဒီ FolderProtector ကို Download ပြုလုပ်ပြီးသွားပြီဆိုရင်တော့ ၎င်း exe File လေးကို ဖွင့်လိုက်ပါ။ Command Promt နဲ့ တက်လာပါလိမ့်မယ်။
အရင်ဆုံး Password ကိုတောင်းခံပါလိမ့်မယ်။
နှစ်သက်ရာ Password တစ်ခုကို ပေးလိုက်ပါ။ ပြီးရင်တော့ ၎င်း Password ကို သေချာ မှတ်သားထားပါ။ Password Hint ကတော့ တကယ်လို့ Password ကို မေ့သွားရင် အစဖော်ပေးတဲ့ စကားလုံး ဖြစ်ပါတယ်။ ပြီးရင်တော့ Lock လို့ ရိုက်ထည့်လိုက်ပါ။
အမှန်တကယ် Lock လုပ်ချင်တာလားဆိုတာကို မေးပါလိမ့်မယ်။ Y ကို နှိပ်ပြီး Yes လို့ ပြောလိုက်ပါ။ သင့်ကွန်ပျူတာရဲ့ Desktop ပေါ်မှာ SecuredFiles ဆိုတဲ့ Folder လေးတစ်ခု တိုးလာတာကို တွေ့ရပါလိမ့်မယ်။
၎င်း Folder အတွင်း သင် Lock လုပ်ချင်သော File များကို ထည့်သွင်းပြီး Lock လုပ်ထားရမှာ ဖြစ်ပါတယ်။ တကယ်လို့ Lock လုပ်လိုက်ပြီဆိုရင် ဒီ Folder ကို တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး ။ ပြန်တွေ့ချင်တယ်ဆိုရင်တော့ Unlock ပြန်လုပ်ရပါလိမ့်မယ်။
Unlock ပြန်လုပ်တဲ့အခါမှာ password ကို ပြန်တောင်းပါလိမ့်မယ်။ မှန်ကန်စွာ ရိုက်ထည့်ပေးနိုင်မှသာလျှင် Unlock ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲကို ပိတ်ရင်တော့ Exit ကို ရိုက်ထည့်ပြီး ပိတ်ရမှာ ဖြစ်ပါတယ်။