Font များကို Hide လုပ်ထားခြင်း
ဒီသင်ခန်းစာလေးကတော့ သင့်ကွန်ပျူတာအတွင်းရှိ Font များကို Hide ပြုလုပ်ထားနိုင်ရန် ရှင်းလင်းသင်ကြားပေးသော သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။ ဒီလိုမျိုး မလိုအပ်တဲ့ Font များကို Hide ပြုလုပ်ထားခြင်းအားဖြင့် Software Program အတွင်း Font များစွာ ပါဝင်နေခြင်းကို တားဆီးနိုင်ပါတယ်။ ဒီတော့ သင့်အနေဖြင့် အသုံးပြုလိုသော Font များကို အလွယ်တကူ ရွေးချယ်အသုံးပြုနိုင်ပါတယ်။
Font များကို Hide ပြုလုပ်ထားနိုင်ရန်အတွက် Control Panel မှ ဆောင်ရွက်နိုင်ပါတယ်။ အခုသင်ခန်းစာမှာတော့ ပုံမှန် Control Panel မှ Font သို့ မ၀င်ပဲ RUN မှ တန်းဝင်ပါမယ်။
ဒီတော့ ကွန်ပျူတာ လုပ်ဆောင်ချက်ကို ပိုမိုမြန်ဆန်စေနိုင်ပါတယ်။ အရင်ဆုံး RUN ကို ခေါ်လိုက်ပါ။ ပြီးနောက် Fonts လို့ ရိုက်ထည့်လိုက်ပါ။
ဒါဆိုရင် အောက်က ဖော်ပြထားတဲ့ ပုံအတိုင်း Font Folder ကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ၎င်း Font Folder အတွင်း Font များကို Install , Delete , Hide စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။
အသုံးမလိုသော Font များကို Hide ပြုလုပ်ရန်အတွက် နှစ်သက်ရာ Font တစ်ခုခုကို Mouse နှင့် Select ပြုလုပ်ပြီး ရွေးချယ်လိုက်ပါ။
ပြီးနောက် Organize Option မှာ ဖော်ပြထားတဲ့ Hide ကို ရွေးချယ်ပေးလိုက်ပါ။
တကယ်လို့ Hide ပြုလုပ်ထားတဲ့ Font တွေကို ပြန်လည်အသုံးပြုချင်တယ်ဆိုရင်တော့ Unhide ကို ပြန်လည်ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
Organize ရှိ Preview ကတော့ Font စာလုံးပုံစံများကို ပြသရန်အတွက် ဖြစ်ပါတယ်။ Delete ကတော့ Font များကို ကွန်ပျူတာအတွင်းမှ အပြီးအပိုင် ဖျက်ပစ်ရန်ဖြစ်ပါတယ်။