Formatting Data
Formatting Data ဆိုတာကတော့ Excel သာမကပဲ အခြား Microsoft Word , PowerPoint အစရှိသည့် Program များမှာပါ ပါဝင်တဲ့ စာစီစာရိုက်ခြင်းဆိုင်ရာ စနစ်များကို ပြောတာ ဖြစ်ပါတယ်။ ဥပမာ Excel ရဲ့ Home Button ကို နှိပ်လိုက်ပါ။ ဒါဆိုရင် စာစီစာရိုက် ရေးသားခြင်းအတွက် အသုံးပြုနိုင်တဲ့ Format များစွာကို တွေ့ရပါလိမ့်မယ်။
နေ့စဉ် အသုံးပြုနေသော Font စာလုံးများ၊ Font စာလုံးအရွယ်အစားများ၊ Bold , Italic , Underline , Margin စတာတွေ အားလုံးကို ခြုံငုံပြီး Format လို့ ခေါ်ဆိုနိုင်ပါတယ်။ Excel မှာကတော့ Number , Text များကိုသာ အသုံးပြုတာကြောင့် Formatting Data လို့ ပြောင်းလဲ ခေါ်ဝေါ်ထားတာ ဖြစ်ပါတယ်။
(1) Font and Size ကတော့ စာလုံးအမျိုးအစား နှင့် စာလုံးအရွယ်အစားကို ရွေးချယ်ရန် ဖြစ်ပါတယ်။
(2) Bold , Italic , Underline ကတော့ စာလုံးအထူ၊ အစောင်းနှင့် မျဉ်းသားပေးရန် ဖြစ်ပါတယ်။
(3) Cell Borders ကတော့ Cell အကွက်တစ်ကွက်ချင်းစီအတွက် Border လိုင်းများ ထည့်သွင်းရန်အတွက် ဖြစ်ပါတယ်။
(4) Background and Font Colour ကတော့ Cell အကွက်များရဲ့ နောက်ခံ အရောင်များကို ထည့်သွင်းရန် ဖြစ်ပါတယ်။
(5) Alignment ကတော့ Cell အကွက်တစ်ကွက်ချင်းစီအလိုက် ရေးသားထားသော စာသားများအား ဘယ်အညီ၊ ညာအညီ၊ အလယ်အညီ ညှိလိုတဲ့အခါမှာ အသုံးပြုရပါတယ်။
(6) Merge text across Multiple Cells ကတော့ အသုံးများပါတယ်။ သူ့ရဲ့ သဘောတရားကတော့ Cell အကွက်တွေ အားလုံးကို ဖြတ်ပြီး Text စာသားများ ထည့်သွင်းပေးသွားခြင်း ဖြစ်ပါတယ်။
(7) Wrap text within a cell ကတော့ Cell အကွက်တစ်ခုအတွင်း စာသားများကို Wrap ပြုလုပ်လိုတဲ့အခါမျိုးမှာ အသုံးပြုပါတယ်။
(8) Rotate angle of text ကတော့ စာသားများကို လိုအပ်သလို စောင်းရန် ဖြစ်ပါတယ်။
(9) Format number as Currency , Percentage or Decimal ကတော့ ဂဏန်းအက္ခရာများရဲ့ နောက်မှာ ငွေကြေးအမှတ်အသားများ၊ ရာခိုင်နှုန်းများ၊ ဒဿမကိန်းပုံစံ များအနေဖြင့် ပြောင်းလဲပေးရန် ဖြစ်ပါတယ်။
(10) Increse or Decrease number of decimal places ကတော့ ဒဿမကိန်းနောက်ရှိ နံပတ်များရဲ့ စာလုံးအကြီးအသေးကို ဆိုလိုတာ ဖြစ်ပါတယ်။