Function Key များအသုံးပြုခြင်း (၁)

Written by S.N.O Published in 16 Aug 2014

     ဒီသင်ခန်းစာလေးကတော့ Windows OS နှင့် Software များ အသုံးပြုရာတွင် Shortcut အနေဖြင့် အသုံးပြုနိုင်သော Function (F1) (F2) Key များကို စုစည်းဖော်ပြထားခြင်း ဖြစ်ပါတယ်။

Function Key များဟာ တကယ်တော့ OS တစ်ခုအတွင်း များစွာအရေးပါသော Key များ ဖြစ်ပါတယ်။ ဒီ Function Key များကို သိထားမယ်ဆိုရင်တော့ သင့်ရဲ့လုပ်ငန်းဆောင်တာများကို ပိုမိုမြန်ဆန်စေနိုင်ပါတယ်။

F1 အသုံးပြုခြင်း

 

 

Function Key တွေထဲမှာ F1 ဟာ အဓိကကျတဲ့ Key တစ်ခုဖြစ်ပါတယ်။ သင့်အနေဖြင့် မည်သည့်ဆောဖ့်ဝဲကို အသုံးပြုသည်ဖြစ်စေ F1 ကို နှိပ်လိုက်ခြင်းအားဖြင့် ၎င်းနဲ့သက်ဆိုင်တဲ့ Help File ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ F1 ဟာ Help Key တစ်ခုဖြစ်ပါတယ်။ Windows Operating System မှာပါဝင်တဲ့ အသေးစိတ် အသုံးပြုပုံများ၊ Key များကို ဖတ်ရှုချင်တယ်ဆိုရင်လည်း ဒီ F 1 ကို အသုံးပြုနိုင်ပါတယ်။

ဒါကြောင့် F1 ဟာ ဆောဖ့်ဝဲတစ်ခုနဲ့ပတ်သက်ပြီး အသေးစိတ်လေ့လာလို့ရတဲ့ Help များ ထားရှိရာနေရာတစ်ခု ဖြစ်ပါတယ်။ F1 ရဲ့ နောက်ထပ် အသုံးပြုပုံကတော့ Windows စပြီး Boot တက်လာတဲ့အခါမှာ F 1 ကိုနှိပ်ရင် BIOS ထဲကို ရောက်ပါတယ်။ BIOS ကတော့ Windows တင်တဲ့အခါပဲဖြစ်ဖြစ်၊ System Date , Time များပြောင်းလဲတဲ့အခါပဲဖြစ်ဖြစ်၊ Hardware Component များကို အသေးစိတ် ကြည့်ချင်တဲ့အခါပဲဖြစ်ဖြစ် အဓိက အသုံးပြုရာ နေရာတစ်ခု ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.