Function Key များ အသုံးပြုခြင်း (၂)

Written by S.N.O Published in 18 Aug 2014

F2 ကို အသုံးပြုခြင်း

 

F2 Key ကတော့ File များ ၊ Folder များကို အမည်ပြောင်းလဲရာမှာ အသုံးပြုပါတယ်။ File Folder များကို အမည်ပြောင်းလဲချင်တယ်ဆိုရင် ၎င်း File , Folder ပေါ်မှာ Click တစ်ချက်နှိပ်ပြီး F2 Key ကို နှိပ်လိုက်ပါ။ ပြီးနောက် နှစ်သက်ရာ အမည်တစ်ခုကို ပေးလိုက်ပါ။

ဒါဆို ၎င်း File ရဲ့ အမည်ဟာ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ နောက်ထပ်တစ်ချက်အနေဖြင့် F 2 Key ကို အသုံးပြုနိုင်တာကတော့ Microsoft Word မှာဆိုလျှင် Ctrl+ F 2 ဟာ Preview Windows အတွင်းသို့ ၀င်ရန်ဖြစ်ပါတယ်။

 

 

F 3 ကို အသုံးပြုခြင်း

 

F3 ကတော့ MS-Dos မှာဆိုလျှင် နောက်ဆုံးရေးသားခဲ့တဲ့ Command ကို ပဲပြန်သုံးမယ်ဆိုရင် F3 ကို နှိပ်ပြီး အသုံးပြုနိုင်ပါတယ်။ Windows Operating System မှာဆိုရင်တော့ F3 Key ဟာ Search အတွက် ဖြစ်ပါတယ်။

ကွန်ပျူတာအတွင်း ရှိ File , Folder , Software , အစရှိသည့် ထည့်သွင်းထားသမျှ Document များအားလုံးကို အလွယ်တကူ Search မှ ရှာဖွေပေးနိုင်ပါတယ်။ Win+F3 ဆိုရင်တော့ Advanced Search အတွက် ဖြစ်ပါတယ်။

 

 

Microsoft Word မှာလည်း ဒီ F 3 ဟာ အတော်လေး အသုံးဝင်ပါတယ။် ဥပမာ Shift + F3 ကို တွဲနှိပ်လိုက်မယ်ဆိုရင် Microsoft Word ရှိ Content များကို ပြောင်းလဲပေးနိုင်သည့် Change Feature ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.