Function Key များ အသုံးပြုခြင်း (၃)
F 4 ကို အသုံးပြုခြင်း
F4 ကတော့ Location Bar ကို တိုက်ရိုက်ဖွင့်နိုင်တဲ့ Key ဖြစ်ပါတယ်။ F4 ဟာ Windows Explorer မှာပဲဖြစ်ဖြစ် Internet Explorer မှာပဲဖြစ်ဖြစ် Location Bar ကို တိုက်ရိုက်သွားချင်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။
Microsoft Word မှာဆိုရင်တော့ F4 ကို နှိပ်လိုက်လျှင် နောက်ဆုံးလုပ်ဆောင်ချက်ကို Refresh ပြန်လည်ပြုလုပ်ပေးပါတယ်။ Alter နဲ့ F 4 ကို တွဲနှိပ်လိုက်မယ်ဆိုရင်တော့ ဖွင့်ထားတဲ့ Program များ Windows များ ကို အလွယ်တကူ ပိတ်ပစ်နိုင်ပါတယ်။
F5 Key ကို အသုံးပြုခြင်း
F5 ကတော့ Refresh ပြုလုပ်ပေးသည့် Key တစ်ခု ဖြစ်ပါတယ်။ File များစီ ခြင်း အတွက် F5 ကို တစ်ကြိမ်နှိပ်ရုံဖြင့် Refresh ပြုလုပ်ကာ စီ နိုင်ပါတယ်။
နောက်ထပ်တစ်ချက်ကတော့ F5 ကို နှိပ်ပြီးDesktop နှင့် Windows ပေါ်ရှိ File များအားလုံးကို Redisign ပြုလုပ်ခြင်း ၊ Organize ပြုလုပ်ခြင်းများကို လုပ်ဆောင်နိုင်ပါတယ်။
Power Point မှာဆိုရင်တော့ F5 ကို နှိပ်လိုက်ရုံဖြင့် Slide များကို Demonstrate ပြုလုပ်လို့ရပါတယ်။