Function Key များ အသုံးပြုခြင်း (၄)

Written by S.N.O Published in 18 Aug 2014

F6 ကို အသုံးပြုခြင်း

 

F6 ကတော့ Cursor ကို Location Bar ပေါ်သို့ အလွယ်တကူရောက်အောင်သွားချင်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ F6 ကို နှိပ်လိုက်လျှင် သင်အသုံးပြုနေကျ Web Browser ရဲ့ Address ဘားပေါ်သို့ တိုက်ရိုက်သွားမှာဖြစ်ပြီး ၎င်းမှတဆင့် သင်ဆက်လက်အသုံးပြုလိုသော Website လိပ်စာများကို ရိုက်ထည့်ကာ အသုံးပြုနိုင်ပါတယ်။

 

Microsoft Word မှာဆိုရင်တော့ Ctrl+Shift + F6 ကို နှိပ်ခြင်းအားဖြင့် Document များကို Open လုပ်လို့ရပါတယ်။

 

F7 ကို အသုံးပြုခြင်း

 

F7 ကတော့ Microsoft Application များဖြစ်သည့် Microsoft Word, Excel , Outlook အစရှိသည်တို့တွင် စာလုံးပေါင်းနှင့် Grammer ကို စစ်ဆေးပေးနိုင်သည့် Feature တစ်ခု ဖြစ်ပါတယ်။ F7 ကိုနှိပ်ပြီး သင်ရိုက်ထားသော Document အတွင်းရှိ စာသားများရဲ့ စာလုံးပေါင်းသတ်ပုံများနှင့် သဒ္ဒါများကို စစ်ဆေးပေးနိုင်ပါတယ်။

 

F8 ကို အသုံးပြုခြင်း

 

F8 ရဲ့ အဓိကအသုံးပြုမှုကတော့ သင့်ကွန်ပျူတာကို Boot လုပ်စဉ်ကာလအတွင်း F8 ကို နှိပ်ထားခြင်းအားဖြင့် Safe mode ထဲသို့ ၀င်ရောက်နိုင်ပါတယ်။ ဒီလို Safe Mode ထဲသို့ ၀င်ရောက်ပြီး ကွန်ပျူတာအတွင်းရှိ Error များ၊ Virus များကို အလွယ်တကူ ရှင်းလင်းနိုင်ပါတယ်။

 

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.