Getting Started with Excel

Written by S.N.O Published in 17 Oct 2014

      Microsoft Word နဲ့ Excel ဟာ များသောအားဖြင့် Shortcut Key များနှင့် Function အများစု တူညီကြပါတယ်။ ဒီတော့ သင့်အနေဖြင့် Microsoft Word ကို ကျွမ်းကျင်စွာ အသုံးပြုတတ်မယ်ဆိုရင် Excel ကိုလည်း အဆင်ပြေပြေ လွယ်ကူစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Microsoft Word စာ၊ Document စာများ ပြုလုပ်ခြင်း၊ အထူးသဖြင့် စာစီစာရိုက်လုပ်ငန်းစဉ်အတွက် အသုံးပြုနိုင်တဲ့ ဆောဖ့်ဝဲကောင်းတစ်ခု ဖြစ်ပါတယ်။ Microsoft Excel ကတော့ စာရင်းဇယားများ ပြုလုပ်ဖန်တီးရာမှာ  အသုံးပြုတဲ့ ဆောဖ့်ဝဲတစ်ခု ဖြစ်ပါတယ်။

ဒီတော့ သင့်အနေဖြင့် Micorosoft Word ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်မယ်ဆိုရင် Excel ကိုလည်း အခက်အခဲမရှိ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ Microsoft Excel ဆိုတာကတော့ ကိန်းဂဏန်းများဖြင့် တွက်ချက်လုပ်ဆောင်ရသော လုပ်ငန်းများ၊ စာရင်းဇယားများအတွက် အသုံးပြုနိုင်တဲ့ Program တစ်ခု ဖြစ်ပါတယ်။

Microsoft Excel တွင့် အဆင့်မြင့်တွက်ချက်မှုစနစ်များ၊ Graph များ၊ Worksheets များနှင့် ပြုလုပ်ဖန်တီးရသော Document များစွာ ပါဝင်ပါတယ်။ အောက်တွင် Excel နဲ့ ပြုလုပ်ထားတဲ့ နမူနာ Document ကို လေ့လာကြည့်ရအောင်။

 

 

(၁) Office Button ကတော့ File Menu နဲ့ဆင်တူပါတယ်။ သူ့မှာ Save , Open , New အစရှိတဲ့ လုပ်ဆောင်ချက်များကို ထည့်သွင်းပေးထားပါတယ်။

(၂) Quick access toolbar ကတော့ အလွယ်တကူ အသုံးပြုနိုင်သော Tools များနှင့် အသုံးများသော အခြေခံ Tools များကို ထည့်သွင်းပေးထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

(၃) Ribbon Tags တွေကတော့ Home Menu , Insert Menu အစရှိသဖြင့် Menu များကို ရွေးချယ်ရန် ဖြစ်ပါတယ်။ ယခင် Version မှာကတော့ ဒီနေရာမှာ Menu များကို ထည့်သွင်းထားပြီး နောက်ပိုင်း Version မှာတော့ Ribbon tabs ပုံစံကို ပြောင်းလဲအသုံးပြုထားခြင်း ဖြစ်ပါတယ်။

(၄) Title bar ကတော့ လက်ရှိ Run ထားတဲ့ Excel Document ရဲ့အမည်ကို ဖော်ပြပေးရန် ဖြစ်ပါတယ်။

(၅) Windows controls ကတော့ Minimize , Maximize , Close အစရှိသဖြင့် Control များကို ဖော်ပြပေးသည့် နေရာတစ်ခု ဖြစ်ပါတယ်။

(၆) Active cell ကတော့ လက်ရှိ Select လုပ်ထားတဲ့ Cell အကွက်များကို ဆိုလိုတာ ဖြစ်ပါတယ်။

(၇) Fomula bar ကတော့ အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား အစရှိသဖြင့် သင်္ချာဆိုင်ရာ တွက်ချက်မှုများစွာကို ဆောင်ရွက်နိုင်သည့် နေရာတစ်ခု ဖြစ်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.