Google မှ ပညာရေးဆိုင်ရာ Classroom ပရောဂျက်ကို ထုတ်လုပ်

Written by S.N.O Published in 15 Aug 2014

        Google ကုမ္ပဏီမှ စာသင်ခန်းများအတွက် အထောက်အကူနည်းပညာရပ် အသစ်တစ်ခုအဖြစ် Google Classroom ပရောဂျက်တစ်ခုကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။

        Google Classroom ဟာ အွန်လိုင်း Tool တစ်ခုဖြစ်ပြီး သူ့နဲ့အတူ Google Drive , Google Document , နဲ့ G mail တို့ပူးပေါင်းပါဝင်မှာ ဖြစ်ပါတယ်။

အထူးသဖြင့် ဆရာ ဆရာမ များ အသုံးပြုပြီး ကျောင်းသားကျောင်းသူများ ကို စာသင်ကြားရမှာ ပိုပြီး ထိရောက်မှုရှိစေရန် ရည်ရွယ်၍ ဒီ ပရောဂျက်ကို စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း Google မှ ပြောကြားထားပါတယ်။

 

 

        Google Classroom ဟာ အွန်လိုင်းအခြေပြု သင်ကြားရေးဆိုင်ရာ သတင်းအချက်အလက်များကို အင်တာနက်ပေါ်လွှင့်တင်ခြင်း ၊ ကျောင်းသားကျောင်းသူများ အနေဖြင့် ကျောင်းချိန်ပြင်ပတွင်လည်း နည်းပညာရပ်များကို အွန်လိုင်းမှ အချိန်မရွေးလေ့လာနိုင်ခြင်း စသည်ဖြင့် ပညာရေးကို အထူးအထောက်အကူဖြစ်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။

ထို့ပြင် ပညာသင်ကြားရေးနဲ့ပတ်သက်သော Gogle Application များကိုလည်း ထုတ်လုပ်ထားသလို အခြား Toolkit များ ၊ Education Suite များကိုလည်း Google မှ ထုတ်လုပ်ပေးထားပါတယ်။

ကျောင်းသားကျောင်းသူများအနေဖြင့် စာစဉ်ဖြေကြားမှု Assignment များ ၊ ပညာရေးဆိုင်ရာ သတိပေး ကြေငြာချက်များ ၊ Document များကို Drive မှ တဆင့် ရယူနိုင်ပါတယ်။ လက်ရှိ ကမ္ဘာအရပ်ရပ်ရှိ စာသင်ကျောင်းများ ၊ တက္ကသိုလ်များ ၊ ကောလိပ်များ ၊ ပညာရေးဆိုင်ရာ ပါမောက္ခများ စမ်းသပ်အသုံးပြုနေပြီ ဖြစ်ပြီး စာသင်ချိန်ကို ပိုမိုများပြားစွာရရှိရန်နှင့် စာရွက်စာတမ်း အသုံးပြုမှု လျှော့ချရန် ဒီ ပရောဂျက်ကို အသုံးပြုကြောင်းလည်း ရှင်းလင်းပြောကြားထားပါတယ်။

Google မှ ထုတ်လုပ်ရေးဆိုင်ရာ မန်နေဂျာ Zach Yeskel ကတော့ Classroom ဟာ ပညာရေးအထောက်အကူပြုအနေဖြင့် ထုတ်လုပ်ခဲ့သော Google Application များဖြစ်ကြောင်း ဘာသာစကား 42 မျိုးနှင့် အသုံးပြုနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ထားကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.