Google မှ မိုဘိုင်းဖုန်းဖြင့် ငွေပေးချေနိုင်သော Application ကို ထုတ်လုပ်

Written by S.N.O Published in 29 Jul 2014

Google ကုမ္ပဏီမှ Android အသုံးပြုသူများ၊ iOS အသုံးပြုသူများအတွက် မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်သော Google Wallet ဆိုသည့် Application အသစ်တစ်ခုအား ထုတ်လုပ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာသွားပါတယ်။

ဒီ Google Wallet ဟာ ယခင် Google ရဲ့ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Gmail မှတစ်ဆင့် ငွေလွှဲပို့ခြင်းနှင့် အသုံးပြုပုံ တူညီကြောင်း Google Wallet ကို အသုံးပြု၍ တစ်ဦးနှင့်တစ်ဦး ငွေပေးပို့ခြင်းများ၊ ငွေလွှဲပြောင်းရယူခြင်းများကို အလွယ်တကူ ဆောင်ရွက်နိုင်ကြောင်း Google ကုမ္ပဏီမှ ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

 

      Google ရဲ့ Wallet ဟာ ယခင် Gmail ရဲ့ ငွေပေးချေမှုကို အခြေခံထားပြီး ယခုလို မိုဘိုင်းဖုန်းများ အတွင်းမှာပါ ထည့်သွင်း အသုံးပြုလို့ရတဲ့ Application ကို ထုတ်လုပ်လိုက်ခြင်းအားဖြင့် User များအတွက် အလွန် အဆင်ပြေ လွယ်ကူလာပါတယ်။

ဒီ Wallet Application ကို Download လုပ်ပြီး အသုံးပြုရန်အတွက် သင့်မှာ Gmail Account တစ်ခုရှိရန် လိုအပ်ပြီး ၎င်းမှတစ်ဆင့် ဝင်ရောက်ကာ Download ပြုလုပ် အသုံးပြုရမှာ ဖြစ်ပါတယ်။

Wallet Application မှတစ်ဆင့် ငွေပေးပို့မှုအတွက်တော့ Send Button ကို နှိပ်၍ အသုံးပြုရမှာဖြစ်ပြီး ငွေတောင်းခံမှုအတွက်ကတော့ Request ကို နှိပ်ကာ အခြားသောသူများထံမှ ငွေတောင်းခံနိုင်ပါတယ်။

ထို့နောက် Email လိပ်စာနှင့် ငွေပေးပို့မှု၊ ငွေတောင်းခံမှုအလိုက် ငွေပမာဏကို ထည့်သွင်းပေးရမှာဖြစ်ကြောင်း Google မှ ၎င်းရဲ့ Application နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.