Google မှ လိင်မှုဆိုင်ရာ ကြောငြာများကို လက်သင့်မခံကြောင်း ပြောကြား
Search Engine လောကမှာ ထိပ်တန်းရောက်နေဆဲဖြစ်တဲ့ Google ကုမ္ပဏီမှ ၎င်းရဲ့ ကြော်ငြာကွန်ယက်အတွင်း လိင်မှုဆိုင်ရာ ကြော်ငြာများကို လက်ခံထည့်သွင်းပေးသွားမှာ မဟုတ်ကြောင်း တရားဝင် ပြောကြားခဲ့ပါတယ်။
Google ရဲ့ Ad Network အတွင်းမှာ ပါဝင်နေတဲ့ လိင်မှုဆိုင်ရာ ၀ဘ်ဆိုက်များကိုလည်း ထည့်သွင်းပေးတော့မှာမဟုတ်ပဲ ၎င်းဝဘ်ဆိုက်များအား တားမြစ်သွားမှာဖြစ်ကြောင်း Google မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။
Google မှ ဒီသတင်းကို လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့တာဖြစ်ပြီး လိင်မှုဆိုင်ရာ ၀ဘ်ဆိုက်များအပြင် လိင်အသားပေးဖော်ပြထားသော ဓါတ်ပုံများ ထည့်သွင်းထားသော ၀ဘ်ဆိုက်များကိုလည်း သူ့ရဲ့ ကွန်ယက်မှ ထုတ်ပယ်သွားမှာဖြစ်ကြောင်း Google Search အတွင်းမှာလည်း လိင်ပိုင်းဆိုင်ရာ ရှာဖွေမှုများကို ပြုလုပ်နိုင်တော့မှာ မဟုတ်ကြောင်း ပြောကြားခဲံ့ပါတယ်။
Google အနေဖြင့် လွန်ခဲ့တဲ့ လအတွင်းကလည်း လိင်ပိုင်းဆိုင်ရာ ဘလော့များ Google Blog အတွင်းရှိ Porn ဘလော့များကို ပယ်ဖျက်ခဲ့သလို Dating ၀ဘ်ဆိုက်များကိုလည်း သူ့ရဲ့ ဘလော့အတွင်းမှာ Ban ထားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
Google ကုမ္ပဏီ အနေဖြင့် သူ့ရဲ့ ဘလော့နှင့် Search Engine အတွင်း အခြားသော အွန်လိုင်းပညာရေးဗီဒီယိုထုတ်လွှင့်မှုများ ၊ ဗီဒီယိုဖျော်ဖြေရေးဝဘ်ဆိုက် Link များ အပါအ၀င် နည်းပညာပိုင်းဆိုင်ရာနှင့် မီဒီယာပိုင်းဆိုင်ရာ ၀ဘ်ဆိုက်များကိုသာ ပိုမိုဖော်ပြလိုကြောင်း ပြောကြားခဲ့ပါတယ်။