Google မှ အင်တာနက် Satellite များအတွက် ဒေါ်လာ 1 ဘီလီယံ အသုံးပြုမည်
Google မှ အင်တာနက် ဂြိုဟ်တု အသေးစား Satellite ပေါင်း 180 ခန့်ထပ်မံတိုးချဲ့တပ်ဆင်သွားမည်ဖြစ်ပြီး ဒီလိုပြုလုပ်ရခြင်းဟာ အင်တာနက်လိုင်းမကောင်းသော နေရာဒေသများတွင် အင်တာနက်ဆားဗစ်ကို ယခင်ထက်ပိုမိုကောင်းမွန် လာစေရန်အတွက် ဖြစ်ကြောင်း Wall Street ဂျာနယ်တွင် ရေးသားဖော်ပြထားပါတယ်။
Google အနေဖြင့် ဒေါ်လာ 1 ဘီလီယံကျော် အသုံးပြုသွားမည်ဖြစ်ပြီး Low-Earth Orbit Satellites ပရောဂျက်ကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
Google ရဲ့ ပရောဂျက်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို မသိရသေးပေမယ့် စွမ်းဆောင်ရည်မြင့် Satellite ပေါင်း 180 ကျော်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ၊ ဒီ Satellite များဟာ ယခင်လွှင့်တင်နေကျ Satellite များနှင့်မတူပဲ Space Systems ရဲ့ အထူးစွမ်းဆောင်ရည်မြင့် Satellite အမျိုးအစားများဖြစ်ကြောင်း ၊ Google မှ ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဇွန်လအတွင်းကလည်း Google မှ Google X လို့ခေါ်တဲ့ ပရောဂျက်တစ်ခုကို ပြုလုပ်ခဲ့ပြီး ဒီ Project ဟာ အမြင့်မှာ ပျံသန်းနေသည့် အီလက်ထရောနစ် စနစ် နေရောင်ခြည်သုံး ဘောလုံးများမှတဆင့် အင်တာနက်လိုင်းများကို အသုံးပြုရန် ဖြစ်ပါတယ်။