Google မှ Andriod Device များအား ထိန်းချုပ်နိုင်မည့် Remote Chrome App ကို ထုတ်လုပ်
Google ကုမ္ပဏီမှ Android အခြေပြု Smart Phone နှင့် Table များအား ကွန်ပျူတာမှ အလွယ်တကူ ထိန်းချုပ်နိုင်ရန်အတွက် Remote Desktop App ကို ထုတ်လွှင့်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
Application ရဲ့အမည်ကို Chrome ဟု အမည်ပေးထားပြီး ၎င်း Chrome ကို Windows ကွန်ပျူတာများအပြင် Mac အသုံးပြုသူများအတွက်ပါ Version နှစ်မျိုးခွဲပြီး ထုတ်လုပ်ခဲ့ပါတယ်။
Andriod Device များကို ကွန်ပျူတာမှ ထိန်းချုပ်ရန်အတွက် ၎င်း Chrome App ကို ကွန်ပျူတာအတွင်း ထည့်သွင်းထားမှာဖြစ်ပြီး မိုဘိုင်းဖုန်းအတွင်းရှိ Application များ Document များကို ကွန်ပျူတာမှ အလွယ်တကူ Manage စီမံ ပြုလုပ်နိုင်ရန် ဖြစ်ပါတယ်။ Google Chrome App အား ထည့်သွင်းရန်အတွက် Chrome Web store site မှ အလွယ်တကူ Download ပြုလုပ်ကာ ရယူနိုင်ပါတယ်။ ကွန်ပျူတာမှ မိုဘိုင်းဖုန်း၏ PIN နံပါတ်အား ရိုက်ထည့်ပြီး ကွန်ပျူတာနှင့် မိုဘိုင်း Device ကို ချိတ်ဆက်ရမှာ ဖြစ်ပါတယ်။