Google မှ Secure Sockets Layers (SSL) ကို ပြောင်းလဲ အသုံးပြုသွားဖွယ်ရှိ

Written by S.N.O Published in 12 Aug 2014

         Google ကုမ္ပဏီမှ ၀ဘ်ဆိုက်များအတွက် ပိုမိုလုံခြုံစိတ်ချမှုရှိစေရန် နှင့် ၀ဘ်ဆိုက်များအား User များ ယခင်ထက် ပိုမိုအသုံးပြုစေရန်အတွက် လုံခြုံမှုစနစ်များကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း Webmaster Trends မှ သုတေသန ပြုလုပ်ချက်အရ Google မှ ၎င်းရဲ့ Search အင်ဂျင် နှင့်ပတ်သက်ပြီး Tweak များ ပြုလုပ်ရန် ကြိုးပမ်းနေကြောင်း ၊ အထူးသဖြင့် ၀ဘ်ဆိုက်များအား လုံခြုံစိတ်ချမှု ရှိစေသော Secure Encrypted Connections ချိတ်ဆက်ရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။

 

 

         Google မှ User များအား ၎င်းရဲ့ Search Engine ကို အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်ရာမှာ လုံခြုံစိတ်ချရတဲ့ Search Result များ ထုတ်လုပ်ပေးရန် ကြိုးပမ်းလျှက်ရှိပြီး ၎င်း Search Result အတွင်းရှိ ၀ဘ်ဆိုက်များအတွင်းမှာလည်း Virus , Porn , Malware များ မပါဝင်နိုင်ရန် ကြိုးပမ်းလျှက် ရှိပါတယ်။

Google အနေဖြင့် မကြာမီအချိန်အတွင်းမှာလည်း Secure Sockets Layers (SSL) ဖြစ်တဲ့ https://www.google.com အနေဖြင့် ပြောင်းလဲ အသုံးပြုသွားဖွယ်ရှိကြောင်း ၊ လုံခြုံမှု အဆင့်အတန်း မြင့်မားသော Protocol များကို အသုံးပြုသွားမှာ ဖြစ်ပြီး Web Browser နှင့် Website များ ချိတ်ဆက်ရာမှာလည်း Certificates နည်းပညာကို အသုံးပြုသွားဖွယ်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

         လက်ရှိ Google မှ ပြောကြားချက်အရ လက်ရှိ HTTS ကို အသုံးပြုမှုမှာ 1 ရာခိုင်နှုန်းခန့်သာ ရှိသေးပြီး နောင်တစ်ချိန်မှာ HTTP မှ HTTPS သို့ ပြောင်းလဲအသုံးပြုမှုကို အားပေးသွားမှာ ဖြစ်ကြောင်း ၊ Website ပိုင်ရှင်များအနေဖြင့်လည်း HTTPS ကို ပြောင်းလဲအသုံးပြုရန် လိုအပ် ကြောင်း ဒါမှသာ အင်တာနက် အသုံးပြုသူများအနေဖြင့် ပိုမို လုံခြုံမှုရှိတဲ့ တိကျတဲ့ Search Result များကို ရရှိနိုင်မှာ ဖြစ်ကြောင်း Google မှ ရှင်းလင်းပြောကြားသွားပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.