Google မှ Zync ကို ၀ယ်ယူရန် ပြင်ဆင်

Written by S.N.O Published in 06 Sep 2014

        Google ကုမ္ပဏီ အနေဖြင့် ၎င်းရဲ့ Cloud စနစ်ကို ပိုမို မြှင့်တင်နိုင်ရန် အတွက် Zync ကုမ္ပဏီကို ၀ယ်ယူရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

Google မှ Zync ကို ၀ယ်ယူရခြင်းအကြောင်းအရင်းမှာ ၎င်းရဲ့ Cloud Platform ကို လူများ ပိုမိုစိတ်ဝင်စားစွာ အသုံးပြုနိုင်ရန်နှင့် အသုံးပြုသူအရေအတွက် တိုးတက်လာရန် ဖြစ်ပါတယ်။

 

 

        Zync ကုမ္ပဏီမှာ လွန်ခဲ့သော ငါးနှစ်ခန့်က စတင်တည်ထောင်ခဲ့သော ကုမ္ပဏီတစ်ခု ဖြစ်ပြီး ၎င်းဟာ Cloud အခြေပြု ဗီဒီယိုကုမ္ပဏီတစ်ခု ဖြစ်ကြောင်း အထူးသဖြင့် Zync ဟာ ဗီဒီယို Special Effect များကို Cloud ကို အခြေခံကာ လုပ်ဆောင်သော ကုမ္ပဏီ တစ်ခု ဖြစ်ကြောင်း သိရပါတယ်။

        ဒီလို Google မှ Zync နှင့် ပူးပေါင်းလိုက်ခြင်းအားဖြင့် ၎င်းရဲ့ Customer များဟာလည်း Google ရဲ့ Cloud ဆားဗစ်ကို စိတ်ဝင်စားလာဖွယ်ရှိကြောင်း ၊အထူးသဖြင့် Google Cloud အသုံးပြုသူအရေအတွက် မြင့်တက်လာမှာ ဖြစ်ကြောင်း ၊ Google မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။

         လက်ရှိလောလောဆယ်မှာတော့ Google မှ ၎င်းရဲ့ဆားဗစ်များအား တစ်စုံတစ်ရာ ပြောင်းလဲသွားခြင်း မရှိသေးပဲ ဒီလိုပြုလုပ်ဆောင်ရွက်မှုဟာ Amazon ရဲ့ Web Service ကို ပြိုင်ဆိုင်ရန်အတွက် ဖြစ်ကြောင်း ၊သတင်းဌာနများမှ ခန့်မှန်းပြောဆိုခဲ့ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.