Google Sketch Up ကိုအသုံးပြုခြင်း (၂)

Written by S.N.O Published in 16 Dec 2014

         အခု ပထမဦးဆုံး Google Sketch Up မှာ အရံသင့်ပါဝင်တဲ့ Template များကို လေ့လာကြည့်ပါမယ်။ ဒါကြောင့် Google Sketch Up ကို ဖွင့်လိုက်ပါ။ ပြီးနောက် Help Menu > Welcome to Sketch Up ကို ရွေးပေးလိုက်ပါမယ်။

 

 

          ဒါဆိုရင် Google Sketch Up ရဲ့ Help ကို ရောက်သွားပါပြီ။ သူ့မှာ အပိုင်း သုံးပိုင်းပါဝင်ပါတယ်။ ပထမတစ်ပိုင်းကတော့ Learn အပိုင်းဖြစ်ပါတယ်။

ဒီအပိုင်းကတော့ Google Sketch Up ကို ဘယ်လိုအသုံးပြုရမယ်ဆိုတာကို အဆင့်ဆင့် ဖော်ပြပေးထားတဲ့ အပိုင်း ဖြစ်ပါတယ်။

 

 

ဒုတိယအပိုင်းကတော့ License အပိုင်းဖြစ်ပါတယ်။ Google Sketch Up ရဲ့ License နှင့်ပတ်သက်သော အချက်အလက်များကို ဖော်ပြပေးသည့် အပိုင်းတစ်ပိုင်း ဖြစ်ပါတယ်။

တတိယအပိုင်းကတော့ Template အပိုင်းဖြစ်ပါတယ်။ Template ဆိုတာကတော့ အရံသင့်အနေဖြင့် ထည့်သွင်းအသုံးပြုနိုင်ရန် ပြုလုပ်ပေးထားသည့် File များဖြစ်ပါတယ်။

ဥပမာ သင်ပြုလုပ်ချင်သော Project ကို လက်မနှင့် တိုင်းတာမှာလား သို့မဟုတ် မီတာနှင့်တိုင်းတာမှာလား စသည်ဖြင့် အလွယ်တကူ ပြုလုပ်ဆောင်ရွက်နိုင်အောင် စီမံပေးထားသည့် အပိုင်းဖြစ်ပါတယ။်

ဒါကြောင့် သင်ပြုလုပ်တည်ဆောက်ချင်သော Project အလိုက် ဒီ Template မှာ အရံသင့် ခေါ်ယူအသုံးပြုနိုင်ပါတယ်။ လောလောဆယ်တော့ အပေါ်ဖက်ဆုံးမှာရှိတဲ့ Simple Template ကိုပဲအသုံးပြုပါမယ်။ သူကတော့ ပုံမှန် လက်မ ၊ ပေ နှင့်သာ ဖော်ပြပေးထားသည့် Template အမျိုးအစား ဖြစ်ပါတယ်။

 

 

ပြီးနောက် Start Using SketchUp ကို နှိပ်လိုက်ပါ။ ဒါဆိုရင် သင်ပြုလုပ်ဖန်တီးလိုက်တဲ့ File ဟာ သင်ရွေးချယ်ခဲ့တဲ့ Template အတိုင်းရရှိလာမှာ ဖြစ်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.