Google Sketch Up ကိုအသုံးပြုခြင်း (၄)

Written by S.N.O Published in 18 Dec 2014

         ဆက်လက်ပြီး Google SketchUp Pro ရဲ့ Tools များကို လေ့လာကြည့်ပါမယ်။ အပေါ်ဖက်ဆုံးမှာရှိတဲ့ တတိယမြောက် Tool လေးကတော့ Rectangle Tool ဖြစ်ပါတယ်။
သူ့ရဲ့သဘောကတော့ လေးထောင့်အကွက်များကို ရေးဆွဲရန် အတွက် ဖြစ်ပါတယ်။ အထူး သဖြင့် အဆောက်အဦးပုံများကို ရေးဆွဲရာမှာ ဒီ Rectangle Tool လေးဟာ အလွန်အသုံးဝင်ပါတယ်။

        Rectangle Tool ကို ဘယ်လိုအသုံးပြုရမလဲဆိုတော့ ပထမဆုံး သင် လေးထောင့်အကွက်လေး ရေးဆွဲချင်တဲ့နေရာ တစ်ခုခုကို ရွေးချယ်လိုက်ပါ ။ပြီးနောက် Mouse နှင့် ဖိဆွဲလိုက်ပါ။ Secound Corner ရောက်လျှင် လွှတ်လိုက်ပါ။

တကယ်လို့ သင်ရေးဆွဲသော လေးထောင့်အကွက်ကို မကြိုက်ဘူးဆိုရင်တော့ Keyboard မှ Esc ကို နှိပ်လိုက်ပါ။ အသစ်ထပ်မံရေးဆွဲနိုင်ပါတယ်။

 

 

ဒီလေးထောင့်အကွက်ကလေးဟာ Perspective သဘောတရားအရ စောင်းနေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ 3 Dimension အနေဖြင့် မြင်တွေ့နိုင်အောင် စောင်းထားခြင်း ဖြစ်ပါတယ်။

Google SketchUp Pro ဟာ 3 D ရေးဆွဲတာ ဖြစ်တဲ့အတွက် ကြောင့် အရာဝတ္ထုများကို ရေးဆွဲရာမှာ perspective များပါဝင်နေခြင်း ဖြစ်ပါတယ်။

        အခု ဒီလေးထောင့်အကွက်ကလေးကို အတုံးပုံစံ ဖြစ်အောင် ပြုလုပ်ပါမယ်။ ဒါကြောင့် သူဘေးနားမှ Push/ Pull Tool လေးကို ယူလိုက်ပါ။ သူကတော့ အရာဝတ္ထုတွေကို အနိမ့်အမြင့် အတိုအရှည် ပြုလုပ်ဖန်တီးပေးတဲ့ Tool တစ်ခု ဖြစ်ပါတယ်။

 

 

ပြီးနောက် လေးထောင့်အကွက်ကလေး ပေါ်သို့ Mouse ကိုတင်ပြီး ဖိဆွဲလိုက်ပါ။ ဒါဆိုရင် အောက်ပါပုံအတိုင်း 3 D လေးထောင့်အတုံးကလေးကို ရရှိလာမှာ ဖြစ်ပါတယ်။ ဒီ လေးထောင့်အတုံးကလေးကို နှစ်သက်ရာ မျက်နှာပြင်ပေါ်တွင် အသုံးပြုနိုင် ပါတယ်။

 

ဒီနည်းလမ်းအတိုင်း သင်နှစ်သက်ရာ အဆောက်အဦး ဒီဇိုင်းတစ်ခုကို ရေးဆွဲနိုင်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.