Google Sketch Up ကိုအသုံးပြုခြင်း (၅)
ဆက်လက်ပြီး Offset Tool ကို လေ့လာကြည့်ပါမယ်။ သူ့ရဲ့ သဘောကတော့ ပထမ ရေးဆွဲခဲ့တဲ့ လေးထောင့်အတုံးအတွင်း နောက်ထပ် အကွက်များကို ထည့်သွင်းရန် အတွက် ဖြစ်ပါတယ်။
အထူးသဖြင့် 3D Modeling Building အတွက် အထူး အသုံးဝင်တဲ့ Tool တစ်ခု ဖြစ်ပါတယ်။ ပုံမှန် လေးထောင့်အတုံးအတွင်း နှစ်သက်ရာ နောက်ထပ် Shape များ ထပ်မံထည့်သွင်းရန်အတွက် ဖြစ်ပါတယ်။
အခု လေးထောင့် အတုံးရဲ့ အမိုးပေါ်မှာ Offset Tool ကိုယူပြီး အောက်ပါ ပုံစံအတိုင်း ရရှိအောင် ဖိဆွဲလိုက်ပါမယ်။
ပြီးနောက် Pull Tool ကိုယူပြီး အပေါ်သို့ ဆွဲတင်လိုက်ပါမယ်။
ဒုတိယအဆင့်ရှိ အညိုရောင်အကွက်ပေါ်မှာလည်း Pull Tool နှင့် အပြင်သို့ ဆွဲထုတ်လိုက်ပါမယ်။
ဒီနည်းလမ်းအတိုင်း သင်နှစ်သက်ရာ အဆောက်အဦး ဒီဇိုင်းများကို စမ်းသပ်ရေးဆွဲကြည့်နိုင်ပါပြီ။ အောင်တွင် နမူနာ ပုံစံတစ်ခုကို ဆွဲပြထားပါတယ်။