Google Sketch Up ကို သုံးပြုခြင်း (၇)
ဆက်လက်ပြီး Rotate Tool လေးကို လေ့လာကြည့်ရအောင် သူ့ရဲ့ သဘောကတော့ အရာဝတ္ထု မျက်နှာပြင်များကို စောင်းရန် ဖြစ်ပါတယ်။ သူဟာ စက်ဝိုင်းခြမ်း ပုံစံလေးဖြစ်ပြီး ထောင့်တိကျစွာ စောင်းပေးမှာ ဖြစ်ပါတယ်။
ဒီ Rotate Tool လေးမှာ Point နှစ် Point ပါဝင်ပါတယ်။ တစ်ခုကတော့ Start Point ဖြစ်ပြီး နောက်ထပ် Point တစ်ခုကတော့ End Point ဖြစ်ပါတယ်။ မျက်နှာပြင်များကို ဘယ်လို Point မှ စောင်းချင်သလဲဆိုတာကို အတိအကျ သတ်မှတ်ပေးရန် လိုအပ်ပါတယ်။
အခု စတင် ရေးဆွဲရန်အတွက် Rotate Tool ကို ယူလိုက်ပါ။
ပြီးနောက် ရေးဆွဲလိုသည့် မျက်နှာပြင်တွင် Click တစ်ချက်နှိပ်ပါ။ ပြီးနောက် နောက်ထပ် Click တစ်ချက်နှိပ်ပြီး End Point ကို သတ်မှတ်ပေးလိုက်ပါ။ အောက်ပါပုံအတိုင်း ဖြစ်ပါတယ်။
ဒီနေရာမှာ End Point ကို သတ်မှတ်ရာမှာ start Point နှင့် တစ်ထပ်တည်း ကျနေမယ်ဆိုရင် အစိမ်းရောင်လေးအနေဖြင့် Point လေးကို ပြသပေးပါတယ်။ တကယ်လို့ Start Point နှင့် တစ်ထပ်တည်း မကျဘူးဆိုရင်တော့ အနီရောင် အနေဖြင့် ပြသပေးမှာ ဖြစ်ပါတယ်။
ပြီးနောက် နှစ်သက်ရာ ထောင့်ချိုးအတိုင်း စောင်းကြည့်နိုင်ပါတယ်။ ဒီလို Rotate Tool ကို အသုံးပြုရာမှာ ထောင့်ချိုးတစ်ခုတည်းကိုသာ စောင်းလိုက်မယ်ဆိုရင်တော့ နောက်ထပ် စိတ်ဝင်စားစရာ Shape တစ်ခု ရရှိလာပါလိမ့်မယ်။
ဒီ Shape ကတော့ ပိရမစ်ပုံစံ ထုချွန်တစ်ခု ဖြစ်ပါတယ်။ ဒီလို နည်းလမ်းအားဖြင့် နှစ်သက်ရာ ပုံများကို စိတ်ကြိုက် ရေးဆွဲနိုင်ပါတယ်။