Google Sketch Up ကို အသုံးပြုခြင်း (၁)

Written by S.N.O Published in 15 Dec 2014

Google Sketch Up ဆိုတာကတော့  3D ပုံစံ အဆောက်အဦးများ၊ ရုပ်ပုံများ၊ modeling များကို ရေးဆွဲပေးနိုင်သည့် ဆော့ဖ်ဝဲတစ်မျိုး ဖြစ်ပါတယ်။ 

Google မှ ထုတ်လုပ်ထားတာဖြစ်ပြီး အထူးသဖြင့် 3D ပုံစံ ရုပ်ပုံများကို ရေးဆွဲရန်အတွက် ဖြစ်ပါတယ်။ Google Sketch Up Pro ဟာ Freeware အမျိုးအစား ဆော့ဖ်ဝဲတစ်မျိုး ဖြစ်တာကြောင့် အင်တာနက်မှ အခမဲ့ Download ပြုလုပ်ကာ အသုံးပြုနိုင်ပါတယ်။ 

အောက်မှာ ဖော်ပြထားတဲ့ပုံကတော့ Google Sketch Up Pro ကို စတင်ဖွင့်လိုက်လျှင် မြင်တွေ့ရမည့် ပုံစံ ဖြစ်ပါတယ်။ ညာဖက်တွင် Instructor ကို တွေ့ရမှာ ဖြစ်ပါတယ်။ သူကတော့ Google Sketch Up Pro ကို ဘယ်လို အသုံးပြုရမယ်ဆိုတာကို ညွှန်ပြပေးမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် Google Sketch Up Pro နဲ့ မရင်းနှီးသေးတဲ့ သူတွေအနေဖြင့် ဒီ Instructor ကို အသုံးပြုပြီး Tools များ၊ Operation များကို လေ့လာနိုင်ပါတယ်။

 

 

အပေါ်ဖက်အခြမ်းမှာတော့ ဆော့ဖ်ဝဲများရဲ့ ထုံးစံအတိုင်း Menu Bar များကို ထည့်သွင်းပေးထားပါတယ်။ သူ့အောက်ခြေမှာတော့ အလွယ်တကူ အသုံးပြုနိုင်တဲ့ Tools Bar ကို ထည့်သွင်းပေးထားပါတယ်။

၎င်း Tools Bar ဟာ Google Sketch Up Pro မှာ ပါဝင်တဲ့ အဓိက Feature များကို စုစည်းပေးထားခြင်း ဖြစ်ပါတယ်။ Tools Bar ပေါ်ရှိ နှစ်သက်ရာ Tools တစ်ခုကို ယူလိုက်တိုင်း ဘယ်ဖက် Instructor မှာ ၎င်း Tools နှင့်ပတ်သက်ပြီး ဘယ်လိုအသုံးပြုရမယ်ဆိုတာကို ညွှန်ပြပေးပါတယ်။

 

 

 ဒါကြောင့် Google Sketch Up Pro ဟာ အသုံးပြုရ ပိုလိုလွယ်ကူလာပြီး ပိုပြီးတော့လည်း လူကြိုက်များလာခဲ့ပါတယ်။ ယခုဖော်ပြလိုက်တဲ့ Google Sketch Up Pro Version ကတော့ 2014 ဖြစ်ပြီး နောက်ဆုံးထွက် Version တစ်ခု ဖြစ်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.