Google Sketch Up ကို အသုံးပြုခြင်း (၃)

Written by S.N.O Published in 17 Dec 2014

     အခု Google Sketch Up ရဲ့ Tools Bar ကို လေ့လာကြည့်ပါမယ်။ Google Sketch Up ရဲ့ Tools Bar မှာ
ပထမဆုံး မြင်တွေ့ရမှာကတော့ Pointer Tools ဖြစ်ပါတယ်။ သူကတော့ သင်ရေးဆွဲထားသော အရာများကို Select မှတ်သားရန်အတွက် ဖြစ်ပါတယ်။

သူ့ဘေးနားက Tools ကတော့ Eraser ဖြစ်ပါတယ်။ သူကတော့ မလိုချင်သော လိုင်းများကို ဖျက်ရန် ဖြစ်ပါတယ်။ တတိယမြောက် Tools ကတော့ Line tools ဖြစ်ပါတယ်။ သူကတော့ မျဉ်းဖြောင့်လိုင်းများကို ရေးဆွဲရန်အတွက် ဖြစ်ပါတယ်။

တကယ်လို့ သင့်အနေဖြင့် မျဉ်းဖြောင့်လိုင်းတွေကို မလိုချင်ဘူးဆိုရင်တော့ သူ့ဘေးနားမှာရှိတဲ့ Down Arrow လေးကိုနှိပ်ပြီး Freehand သို့ကူးပြောင်းနိုင်ပါတယ်။ ဒါဆိုရင် သင်ရေးဆွဲသော အရာများဟာ Freehand အနေဖြင့် ဖြစ်သွားတာကြောင့် သင့်စိတ်ကြိုက် ရေးဆွဲနိုင်ပါတယ်။

 

 

ဆက်လက်ပြီး 2 Point Arc Tools ကို လေ့လာကြည့်ပါမယ်။ သူ့ရဲ့သဘောကတော့ Point နှစ်ခုနှင့်တည်ဆောက်ထားပြီး ၎င်း Point နှစ်ခုကို မျဉ်းကွေးများအနေဖြင့် ဆက်သွယ်ပေးပါတယ်။ အထူးသဖြင့် လိုင်းအကွေးများကို ရေးဆွဲရာမှာ အသုံးပြုနိုင်ပါတယ်။ 2 Point Arc ကို လက်တွေ့အသုံးပြု ရေးဆွဲကြည့်ပါမယ်။ ဒါကြောင့် Tools Bar ပေါ်က 2 Point Arc Tool လေးကို ယူလိုက်ပါ။

 

 

ပြီးနောက် Work Area အတွင်း mouse နှင့်ဖိပြီး မျဉ်းဖြောင့်တစ်ကြောင်း ရေးဆွဲလိုက်ပါ။ ထိုသို့ ရေးဆွဲပြီးပါက mouse ကိုမလွှတ်ပဲ Cursor ကို အထက်အောင် ရွှေ့ကြည့်လိုက်ပါ။ ဒါဆိုရင် သင်ရွှေ့သော Cursor အလိုက် မျဉ်းကွေးများကို ရရှိလာမှာ ဖြစ်ပါတယ်။

 

 

အောက်ဖော်ပြပုံဟာ မျဉ်းဖြောင့်နှင့် မျဉ်းကွေးနှစ်မျိုး ပေါင်းစပ်အသုံးပြုရာမှ ရရှိလာသော ပုံစံတစ်ခု ဖြစ်ပါတယ်။

 

 

၎င်း Document ကို သိမ်းဆည်းချင်တယ်ဆိုရင်တော့ File Manu ထဲမှ Save ကို နှိပ်လိုက်ပါ။ ပြီးနောက် ကွန်ပျူတာ အတွင်း နှစ်သက်ရာ Location တစ်ခုခုတွင် သိမ်းဆည်းထားနိုင်ပါပြီ။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.