Hard Drive Testing Program များကို လေ့လာခြင်း (၁)

Written by S.N.O Published in 10 Jun 2014

     ယခု ရေးသားဖော်ပြလိုက်တဲ့ Program တွေကတော့ သင့်ကွန်ပျူတာရဲ့ Hard Drive ကို စစ်ဆေးပေးတဲ့ Application များပဲ ဖြစ်ပါတယ်။

ဒီ Application များဟာ စွမ်းဆောင်ရည်မြင့်မားပြီး သင့်ကွန်ပျူတာအတွင်းရှိ Hard Drive Error များကို စစ်ဆေးပေးတဲ့နေရာမှာ လွန်စွာမှ အသုံးဝင်တဲ့ Application များပဲ ဖြစ်ကြပါတယ်။

1. Seagate SeaTools

     Seagate SeeTools ဟာ အင်တာနက်မှ အခမဲ့ ရယူအသုံးပြုနိုင်တဲ့ Application တစ်ခု ဖြစ်ပါတယ်။ Software အပြင်အဆင်ဒီဇိုင်းဟာ ရှင်းလင်းလွယ်ကူပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်ဟာ အတော်လေး ကောင်းမွန်တာကို တွေ့ရပါတယ်။ Seagate SeaTools ဟာ Version နှစ်မျိုးအနေဖြင့် ထုတ်လုပ်ထားပါတယ်။ တစ်မျိုးကတော့ SeaTools For DOS ဖြစ်ပါတယ်။

သူကတော့ Seagate (ဒါမှမဟုတ်) Maxtor Drive တွေမှာ ထည့်သွင်းအသုံးပြုထားတဲ့ Opearting System တွေကို စစ်ဆေးပေးနိုင်တဲ့ Application ဖြစ်ပါတယ်။ နောက်ထပ် Version တစ်မျိုးကတော့ SeaTools For Windows ဖြစ်ပါတယ် ။ သူ့ရဲ့သဘောကတော့ Windows System အတွင်းမှာ ထည့်သွင်း Install ပြုလုပ်ထားတဲ့ Program များရဲ့ အခြေအနေကို စစ်ဆေးပေးတဲ့ Tools ဖြစ်ပါတယ်။

ဒီ Program နှစ်မျိုးစလုံးဟာ Internal HD များမှာပဲဖြစ်ဖြစ် External HD များကိုပဲဖြစ်ဖြစ် ကောင်းမွန်စွာ စစ်ဆေးပေးနိုင်စွမ်းရှိပါတယ်။ အဓိကအချက်ကတော့ သင့်ကွန်ပျူ တာအတွင်းရှိ Hard Disk ရဲ့ အခြေအနေကို စစ်ဆေးနေခြင်း ဖြစ်ပါတယ်။

 

2. HDD Scan

     HDD Scan ဟာလည်း အခမဲ့ ရယူအသုံးပြုနိုင်တဲ့ Hard Disk Tool တစ်ခုဖြစ်ပြီး မည်သည့် HD အမျိုးအစားကိုမဆို စစ်ဆေးပေးနိုင်စွမ်းရှိပါတယ်။

HDD Scan တွင် SMART , Surface Test အစရှိတဲ့ Hard Disk Tools ပေါင်းများစွာကို ထည့်သွင်းပေးထားပြီး သူ့ရဲ့ အဓိကရည်ရွယ်ချက်ဟာလည်း Hard Disk အတွင်း ထည့်သွင်းအသုံးပြုထားတဲ့ Operating System နဲ့ Hard Disk ရဲ့ Performance ကို စစ်ဆေးပေးခြင်း ဖြစ်ပါတယ်။

 

3.DiskCheckup

     DiskCheckup  ဟာ အခမဲ့ အသုံးပြုနိုင်သော Hard Drive Tester Program တစ်ခုဖြစ်ပြီး Windows XP , Windows 7 , Windows 8 စတဲ့ Microsoft OS အားလုံးမှာ အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ နောက်ထပ် အားသာချက်ကတော့ Windows Server 2003/2008 တို့ကိုပါ Error ရှိမရှိ စစ်ဆေးပေးနိုင်စွမ်းရှိပါတယ်။

Hard Drive များကို စစ်ဆေးရာမှာ SCSI (or) RAID Connection များကိုပါ စစ်ဆေးပေးနိုင်စွမ်းရှိပါတယ်။ DiskCheckup  ကို Personal အသုံးပြုရန် ရည်ရွယ်ထားခြင်းဖြစ်ပေမယ့် တကယ့်ကို Professional အနေဖြင့်ပါ အသုံးပြုနိုင်တဲ့ Program ကောင်းတစ်ခု ဖြစ်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.