Hard Drive Testing Program (2)

Written by S.N.O Published in 11 Jun 2014

      ယခုရေးသားဖော်ပြလိုက်တဲ့ Program တွေကတော့ သင့်ကွန်ပျူတာရဲ့ Hard Drive ကို စစ်ဆေးပေးတဲ့ Application များပဲ ဖြစ်ပါတယ်။ ယခင်ဆောင်းပါးတွင် Hard Drive Application သုံးမျိုးဖော်ပြပေးထားပါတယ်။

ယခုဆောင်းပါးမှာတော့ နောက်ထပ် အသုံးဝင်တဲ့ Hard Disk  Testing Program များကို ထပ်မံထည့်သွင်းဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

4.GSmartControl

GSmartControl ဟာ Hard Disk နဲ့ပတ်သက်ပြီး အမျိုးမျိုးသော စစ်ဆေးချက်တွေကို လုပ်ဆောင်နိုင်တဲ့ Application တစ်မျိုး ဖြစ်ပါတယ်။ သူဟာ Hard Disk ရဲ့စွမ်းဆောင်ရည်အပြင် Hard Disk ရဲ့ Health ကိုပါ စစ်ဆေးပေးနိုင်စွမ်းရှိပါတယ်။

     Hard Disk အတွင်း Multi Zone Error များကို ဖော်ပြပေးနိုင်ပြီး မည်သည့်နေရာတွင် Error များ ရှိနေသည်ကိုပါ အသေးစိတ်သိရှိနိုင်ပါတယ်။ Hard Disk ကို စစ်ဆေးရာမှာ  2 မိနစ်ခန့်သာ အချိန်ကြာမြင့်ပြီး နောက်ဆုံး လုံးဝပျက်ဆီးနေတဲ့ Hard Disk များအတွင်းရှိ Error များကိုပါ စစ်ဆေး Check လုပ်နိုင်ပါတယ်။

Short test , Extended test , Conveyance Test ဆိုပြီး စစ်ဆေးပုံသုံးမျိုးပါဝင်ပါတယ်။ စစ်ဆေးပုံသုံးမျိုးအလိုက် တစ်မျိုးနှင့်တစ်မျိုးလည်း စစ်ဆေးပုံခြင်း မတူညီပါဘူး။ GSmartControl ဟာ portable Progarm ဖြစ်ပြီး Windows, Linux,  တို့မှာလည်း Hard Disk ကို Check လုပ်ပေးနိုင်ပါတယ်။

 

Fig(4)

 

 

5. Hitachi Drive Fitness Test

     Hitachi Drive Fitness ဟာ အခမဲ့အသုံးပြုနိုင်တဲ့ Hard Drive Diagnostic Software တစ်မျိုးဖြစ်ပါတယ်။ Windows OS မှာအသုံးပြုနိုင်ပြီး သူဟာလည်း Hard Disk အတွင်းရှိ Error များကို အပိုင်းအလိုက် စစ်ဆေးပေးနိုင်တဲ့ Program တစ်ခု ဖြစ်ပါတယ်။ Hitachi Drive Fitness ဟာ Hitachi Hard Drive သာ မကပဲ အခြားသော Hard Drive အမျိုးအစားများကိုပါ စစ်ဆေးပေးနိုင်တာကြောင့် အသုံးပြုရန်သင့်တင့်တဲ့ Software Program တစ်ခု ဖြစ်ပါတယ်။

 

Fig(5)

 

6. Microsoft Winodws built-in Error Checking

     ဒီတစ်ခါ Hard Disk ကို စစ်ဆေးပေးရန်အတွက် အခြား Software များကို အသုံးမပြုပဲ Windows တွင် အသင့်ပါဝင်လာတဲ့ Error Checking လေးအကြောင်း ဖြစ်ပါတယ်။ သူ့ကို scandisk လို့ ခေါ်ပါတယ်။ သူက Hard Disk အတွင်းရှိ မလိုအပ်သော File များကို ဖျက်ပစ်နိုင်ပြီး back sector များကိုပါ ရှင်းလင်းပေးနိုင်ပါတယ်။

ဒီ Tool လေးဟာ Hard Disk အတွင်းမှာ ဖြစ်ပွားနေတဲ့ များစွာသော Problem တွေကို ရှင်းလင်း ပေးနိုင်တာကြောင့် အသုံးပြုသင့်တဲ့ Program တစ်ခု ဖြစ်ပါတယ်။ ယခု scandisk ကို အသုံးပြုနည်းကို ဆက်လက်ဖော်ပြပါမယ်။

သူ့ကို အသုံးပြုချင်တယ်ဆိုရင်တော့ My Computer ကို ဖွင့်လိုက်ပါ။ အဲဒီမှာ C: , D: အစရှိသဖြင့် တွေ့မြင်ရပါလိမ့်မယ်။ အဲဒီနောက် Check လုပ်ချင်တဲ့ Hard Disk ကို ရွေးချယ်ပြီးနောက် Right Click > properties ကို သွားပါ။ ပြီးရင်တော့ Tools ထဲသို့ဝင်ရောက်ပြီး Check Now ကို နှိပ်လိုက်ပါ။ ဒါဆိုရင် သူဟာ Hard Disk အတွင်းမှာရှိတဲ့ Error များကို Check လုပ်ပြီး လိုအပ်တာတွေကို သူ့ဟာသူ ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။

 

Fig(6)

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.