Hard Drive Testing Program (3)

Written by S.N.O Published in 11 Jun 2014

7.Samsung HUTIL

    Samsung HUTIL ဟာ အခမဲ့အသုံးပြုနိုင်တဲ့ Hard Drive Utility ဖြစ်ပြီး များသောအားဖြင့် Samsung Hard Drive များ အတွက်သာ အသုံးပြုနိုင်ပါတယ်။ သူ့ကို Samsung Laptop , Notebook , များမှာ အသုံးပြုရန်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်ပြီး သူ့ကို ES-Tool လို့လည်း ခေါ်ဆိုပါတယ်။ ဒီ Tools လေးကို CD , USB Drive များအတွင်း ထည့်သွင်းထားပြီး Computer မှာ တပ်ဆင်ကာ Hard Drive များကို Check လုပ်အသုံးပြုရမှာ ဖြစ်ပါတယ်။

Windows OS မှာသာ အသုံးပြုနိုင်ပြီး Samsung Hard Drive များအတွင်းမှာ ဖြစ်ပွားနေတဲ့ Error များကို အဓိက ရှင်းလင်းပေးပြီး Hard Drive ကို ပိုမိုလျှင်မြန်ပေါ့ပါးလာစေရန် ဒီ program လေးကို အသုံးပြုနိုင်ပါတယ်။

 

Fig(7)

 

8. Western Digital Data Lifeguard Diagnostic

    Western Digital Data Lifeguard ဟာလည်း Free Hard Drive Tool တစ်ခုဖြစ်ပြီး Western Digital အမျိုးအစား Hard Drive များမှာ အသုံးပြုရန် အတွက် ဖြစ်ပါတယ်။ သူ့ကိုအသုံးပြုရာမှာ ISO Format နှင့် CD များအတွင်း ထည့်သွင်းကာ အသုံးပြုနိုင်သလို USB Drive များအတွင်း ထည့်သွင်းအသုံးပြုမယ်ဆိုရင်လည်း အဆင်ပြေလွယ်ကူပါတယ်။

Hard Drive Test ပြုလုပ်ပေးနိုင်တဲ့ Feature ပေါင်းများစွာကိုထည့်သွင်းပေးထားပြီး Hard Drive health ကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

 

 

9.Bart's Stuff Test

    Bart's Stuff Test ကတော့ အခမဲ့အသုံးပြုနိုင်တဲ့ Hard Drive Tool တစ်ခုဖြစ်ပြီး Windows တွင်တပ်ဆင်ထားသော Hard Drive အားလုံးအတွင်းမှာရှိတဲ့ Error တွေကို ရှင်းလင်းပေးနိုင်တဲ့ Program တစ်ခု ဖြစ်ပါတယ်။ သူဟာ အသုံးပြုရလွယ်ကူလျှင်မြန်ပြီး အခြားသော Tool များကဲ့သို့ လည်း ရှုပ်ထွေးမှုမရှိပါဘူး။

Hard Drive အတွက်အရေးကြီးသော Error Checking Tool အချို့ကိုသာ ထည့်သွင်းပေးထားပြီး အခြားသော Program များကဲ့သို့ Function အစုံအလင်မပါဝင်တာကို တွေ့ရပါတယ်။

 

 

10. Fujitsu Diagnostic Tool

    Fujitsu Diagnostic Tool  ဟာ Hard Drive Testing Tool တစ်မျိုးဖြစ်ပြီး များသောအားဖြင့် Fujitsu hard Drive များအတွက် အသုံးပြုရန်သာ ထုတ်လုပ်ထားသော Program တစ်ခု ဖြစ်ပါတယ်။ Fujitsu Diagnostic Tool  ကို အတိုကောက် အနေဖြင့် (FJDT) လို့လည်း လူသိများပြီး Windows Version အားလုံးမှာ ထည့်သွင်းအသုံးပြုနိုင်တာကို တွေ့ရပါတယ်။

Fujitsu Diagnostic Tool  ဟာ Bootable Version ဖြစ်တာကြောင့် ISO နဲ့ CD အတွင်းမှာ Image ရိုက်ပြီး ကူးယူကာ Boot တက်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ သာမန် User တွေအနေဖြင့် အသုံးပြုရာမှာ အခက်အခဲများရှိနိုင်ပေမယ့် System သမားတွေ အနေနဲ့ကတော့ အတော်လေး စိတ်ကြိုက်ဖြစ်စေနိုင်မည့် Tools များစွာ ပါဝင်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.