Hardware ဆိုတာ ...?
Hardware ဆိုတဲ့ အဓိပ္ပါယ်ကို အလွယ်ဆုံး မှတ်ထားရမှာကတော့ ကွန်ပျူတာတစ်လုံးအတွင်း ထည့်သွင်းအသုံးပြုထားသော Component များအားလုံးကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ အဓိကအားဖြင့် လူ့မျက်လုံးနဲ့ မြင်တွေ့နေရတဲ့ အရာတွေ ကိုင်တွယ်လို့ရတဲ့ အရာတွေအားလုံးကို Hardware လို့ ခေါ်ဆိုပါတယ်။
ကွန်ပျူတာဘာသာရပ်ကို လေ့လာရာမှာ Hardware ဆိုတဲ့ အခေါ်အဝေါ်နဲ့ Software ဆိုတဲ့ အခေါ်အဝေါ်နှစ်ခုဟာ နေရာတိုင်းနီးပါးမှာ ပါဝင် ရေးသားထားတာကို တွေ့ရပါလိမ့်မယ်။
ဒီတော့ Hardware ဆိုတာဟာ ကိုင်တွယ်ထိတွေ့လို့ရတဲ့ အရာတွေအားလုံးကို ဆိုလိုတာ ဖြစ်ပါတယ်။
Software ကတော့ ကွန်ပျူတာအတွင်း ထည့်သွင်းအသုံးပြုထားတဲ့ စနစ်များကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ သူကတော့ ကိုင်တွယ်ပြလို့ မရပါဘူး။ ကွန်ပျူတာ မော်နီတာပေါ်မှာပဲ ပြသပေးလို့ ရပါတယ်။ ဒါကို Software လို့ ခေါ်ပါတယ်။ အခု ကွန်ပျူတာစနစ်တစ်ခုအတွက် အရေးကြီးပြီး အခြေခံကျတဲ့ Hardware များကို ဆက်လက် လေ့လာကြည့်ပါမယ်။ Hardware များကို အားလုံးခြုံငုံပြီး လေ့လာရင် ခက်ပါလိမ့်မယ်။ ဒီတော့ အပိုင်းလိုက်ခွဲပြီး လေ့လာကြည့်ရအောင်။
1. Input Devices
Input Device ဆိုတာကတော့ အသုံးပြုသူတစ်ဦးမှ ကွန်ပျူတာကို ခိုင်းစေရန်အတွက် အသုံးပြုရတဲ့ Device များကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဥပမာ Keyboard , Mouse စတာတွေ ဖြစ်ပါတယ်။ ကွန်ပျူတာ အသုံးပြုသူတစ်ဦးမှ
Keyboard မှ စာသားများကို ရိုက်ထည့်၍သော်လည်းကောင်း Mouse နှင့် Click နှိပ်၍သော်လည်းကောင်း ကွန်ပျူတာကို Operate ပြုလုပ်ပါတယ်။ ဒီလိုမျိုး Operate ပြုလုပ်လို့ရသော အရာများအားလုံးကို Input Device လို့ ခေါ်ဆိုပါတယ်။
2. Output Devices
Output Device ဆိုတာကတော့ ကွန်ပျူတာမှ ပြန်လည် ထုတ်ပြပေးသော အရာများကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဥပမာ ကွန်ပျူတာမော်နီတာ၊ ပရင်တာစတာတွေကို Output Device လို့ ခေါ်ပါတယ်။
3. Secondary Storage Devices
ဒါကတော့ ကွန်ပျူတာအတွင်း အသုံးပြုသူတစ်ဦးမှ ထည့်သွင်းသိမ်းဆည်းမည့် Data များ သိုလှောင်ရာ နေရာကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Hard Disk ဖြစ်ပါတယ်။ အခြားသော CD , DVD , Flash Drive များ အားလုံးဟာလည်း Storage Device များ ဖြစ်ကြပါတယ်။ ဒီတော့ အလွယ်ဆုံး မှတ်သားထားရမှာကတော့ Data များ သိမ်းဆည်းလို့ရတယ်ဆိုရင် Storage Device လို့ မှတ်သားထားလိုက်ပါ။
4. Internal Components
ဒါကတော့ ကွန်ပျူတာ System အတွင်း ထည့်သွင်းအသုံးပြုထားတဲ့ CPU , Motherboard , RAM , Power Supply စတာတွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ကွန်ပျူတာ System ပုံးအတွင်း ထည့်သွင်းထားသမျှ အရာတွေအားလုံးကို ခြုံငုံပြီးတော့ InternalComponent လို့ ခေါ်ပါတယ်။ သူ့ရဲ့အဓိပ္ပါယ်ကတော့ အထဲတွင် တပ်ဆင်ထားသော စက်ပစ္စည်းများ ဖြစ်ပါတယ်။