Hardware နှင့် Software ရဲ့ ဆက်သွယ်ချက်

Written by S.N.O Published in 29 Aug 2014

      ကွန်ပျူတာတစ်လုံးဟာ Hardware တွေ တပ်ဆင်ထားယုံနဲ့ အသုံးပြုလို့ မရပါဘူး။ အဓိကကျတဲ့ Software ဆိုတာ ပါဝင်မှသာလျှင် အသုံးပြုလို့ရပါတယ်။

Software တွေကတော့ အသုံးပြုသူတစ်ယောက်ရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး ပြုလုပ်ဆောင်ရွက်ပေးတဲ့ အရာတွေ ဖြစ်ပါတယ်။

ဥပမာ သင်္ချာတွက်ချက်မှု စနစ်တစ်ရပ်ဆိုပါစို့၊ အသုံးပြုသူမှ တွက်ချက်လိုက်တဲ့အရာတွေကို Software တွေက ပြုလုပ်ပေးပါတယ်။ ဒါပေမယ့် Background အနေဖြင့် ၎င်း ဆော့ဖ်ဝဲရဲ့ တွက်ချက်မှုအရ လိုအပ်တဲ့ တွက်ချက်မှုစနစ်များကို Microprocessor က ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ဒီတော့ Software ဆိုတာဟာ Hardware ကို ပြန်လည်ခိုင်းစေတာ ဖြစ်ပါတယ်။

 

 

Hardware နဲ့ Sotware တို့ရဲ့ ကွာခြားချက်နှင့် လုပ်ဆောင်ချက်များကို လေ့လာကြည့်ရအောင်။

1. Software နှင့် Hardware ပေါင်းစပ်ပြီး ကွန်ပျူတာ အသုံးပြုသူတစ်ယောက်ရဲ့ လိုအပ်ချက်ကို တွက်ချက်လုပ်ဆောင်ပေးခြင်း။
2. Software များဟာ Hardware မပါဝင်ပဲ မလုပ်ဆောင်နိုင်ခြင်း။
3. Hardware များဟာ Software မပါဝင်ပဲ တွက်ချက်မှုများကို မလုပ်ဆောင်နိုင်ခြင်း။
4. Sotware နှင့် Hardware ပူးပေါင်း တွက်ချက်လုပ်ဆောင်ရာမှာ Software မှ Hardware ကို ပြန်လည်ခိုင်းစေ လုပ်ဆောင်ခြင်း။
5. Hardware ဟာ ဈေးနှုန်းအရ မြင့်မားပေမယ့် တစ်ကြိမ်တစ်ခါသာ ၀ယ်ယူအသုံးပြုရခြင်း။
6. Software များကတော့ Hardware လောက်ဈေးမကြီးပေမယ့် Software Version များအလိုက် အကြိမ်ကြိမ် ၀ယ်ယူ အသုံးပြုရခြင်း။
7. Software နှစ်မျိုးအထက်ဟာ Hardware တစ်ခုကို အသုံးပြုပြီး တွက်ချက်မှုစနစ်များကို အပြိုင်ပြုလုပ်ပေးနိုင်ခြင်း
တို့ဖြစ်ပါတယ်။

ဒါကြောင့် Hardware များကို ကွန်ပျူတာရဲ့ နှလုံးသား (heart) လို့ခေါ်ဆိုနိုင်ပြီး Software များကိုတော့ ကွန်ပျူတာရဲ့အသက် (Soul) လို့ ခေါ်ဆိုနိုင်ပါတယ်။ အနှစ်ချုပ်အနေဖြင့်ဆိုပါက Sotware နှင့် Hardware တို့ဟာ တစ်ခုနှင့်တစ်ခု မှီခိုပြီး တွက်ချက်မှုများ ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.