HDS Essential
HDS Essential Software လေးကတော့ ကွန်ပျူတာအတွင်းရှိ Hard Drive နှင့် ပက်သက်ပြီး Performance နှင့် Health ကို စစ်ဆေးပေးနိုင်သည့် ဆော့ဖ်ဝဲတစ်မျိုး ဖြစ်ပါတယ်။
HDS Essential ကို ကွန်ပျူတာအတွင်း Install ပြုလုပ်လိုက်တာနှင့် တစ်ပြိုင်နက်တည်း ကွန်ပျူတာအတွင်းရှိ Hard Drive များရဲ့ Health အခြေအနေနှင့် Perfromance ကို အမြဲတမ်း ပြသပေးထားမှာ ဖြစ်ပါတယ်။
HDS Essential မှာ အဓိက Feature အနေဖြင့် Overview , Temperature , S.M.A.R.T , Information , Log , Disk Performance , Alerts ဆိုပြီး Feature များစွာ ထည့်သွင်းပေးထားပါတယ်။ Overview ကတော့ Hard Drive များအလိုက် စွမ်းဆောင်ရည်နှင့် Health ကို ပြသပေးသည့်အပိုင်း ဖြစ်ပါတယ်။
Temperature ကတော့ Hard Dirve များရဲ့ အပူနှုန်းကို ပြသပေးခြင်းဖြစ်ပါတယ်။ တကယ်လို့သင့် Hard Drive ဟာ သာမန်ထက် အပူနှုန်း ပိုမို မြင့်တက်နေမယ်ဆိုပါက ဒီနေရာမှာ Alerts ကို ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။ Hard Drive တစ်ခုနှင့်တစ်ခု အပူနှုန်းများ မတူညီတာကိုလည်း တွေ့ရပါတယ်။ လက်ရှိ ကွန်ပျူတာအတွင်း တပ်ဆင်ထားသော Hard Drive ရဲ့ Temperature ဟာ 46 C လောက်ရှိတာကို တွေ့ရပါတယ်။
S.M.A.R.T ကတော့ Hard Drive အတွင်းရှိ RAW , များ Spin Up Time များကို အသေးစိတ် ဖော်ပြပေးထားသည့် နေရာတစ်ခု ဖြစ်ပါတယ်။ Hard Drive နှင့်ပက်သက်ပြီး အသေးစိတ် လုပ်ဆောင်ချက် Performance များကို ဒီနေရာမှာ တွေ့မြင်နိုင်ပါတယ်။
Information ကတော့ Hard Drive တစ်ခုစီအလိုက် Disk Controller များ၊ Hard Disk Model များ၊ Firmware Revision များကို ဖော်ပြပေးထားသည့် နေရာတစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ အသုံးအ၀င်ဆုံးကတော့ Disk Performance ဖြစ်ပါတယ်။
သူ့ရဲ့ သဘောကတော့ သင့် Hard Drive ရဲ့ Activity များနှင့် Data Transfer Rate များကို အသေးစိတ် ဖော်ပြပေးထားသည့် နေရာတစ်ခု ဖြစ်ပါတယ်။ ကွန်ပျူတာ Hard Drive နှင့်ပတ်သက်ပြီး Error များကို ရှာဖွေ ရှင်းလင်းချင်သူများ Hard Drive ရဲ့ စွမ်းဆောင်ရည်ကို ပိုမို ကောင်းမွန်လိုသူများအနေဖြင့် အသုံးပြုနိုင်တဲ့ ဆောဖ့်ဝဲကောင်းတစ်ခု ဖြစ်ပါတယ်။