Heart Shape Text တစ်ခုကို ပြုလုပ်ဖန်တီးခြင်း (1)
ဒီသင်ခန်းစာကတော့ Adobe Photoshop ကို အသုံးပြုပြီး Shape တစ်ခုအတွင်း စာသားများ ထည့်သွင်းတဲ့ ပုံစံတစ်ခု ဖြစ်ပါတယ်။ ဒီသင်ခန်းစာကို Heart ပုံစံလေး တစ်ခုအတွင်း စာသားများ ထည့်သွင်းနည်းကို ဖော်ပြလိုက်ပါတယ်။ အခြား သင်နှစ်သက်ရာ ပုံများအတွင်း နှစ်သက်ရာ စာသားများကိုလည်း ပြောင်းလဲ အသုံးပြု ဖန်တီးနိုင်ပါတယ်။ ပထမဆုံးအနေဖြင့် File > New Document တစ်ခုကို ဖန်တီးလိုက်ပါမယ်။
အရွယ်အစားသေးသေးသာ ပြုလုပ်ဖန်တီးချင်တဲ့အတွက်ကြောင့် 4 x 2 လက်မ အရွယ်အစားကိုသာ ရွေးချယ်ထားတာ ဖြစ်ပါတယ်။ သင့်အနေဖြင့် နှစ်သက်ရာ Document အရွယ်အစားကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ ပြီးနောက် ဒီ Documentတစ်ခုမှာ Shape တစ်ခုကို စတင် ရေးဆွဲပါမယ်။ ဒါကြောင့် ဘယ်ဖက် Tools Bar ရှိ Rectangle Tool ကို ရွေးချယ်ပေးလိုက်ပါမယ်။ Keyboard Shortcut အနေဖြင့် U ကိုနှိပ်ကာ အသုံးပြုနိုင်ပါတယ်။
ယခုဆိုရင် Photoshop Tools Bar ပေါ်မှာ Shape ပုံစံလေး ပေါ်နေပါလိမ့်မယ်။
Shape နေရာမှာ Click တစ်ချက် နှိပ်လိုက်ပါမယ်။ ဒါဆိုရင် Shape အမျိုးအစားပေါင်းများစွာကို တွေ့မြင်ရပါလိမ့်မယ်။