Heart Shape Text တစ်ခုကို ပြုလုပ်ဖန်တီးခြင်း (2)
ယခုဆက်လက်ပြီး အဲဒီ Shape တွေထဲမှ အသဲပုံ သဏ္ဍန် Shape တစ်ခုကိုရွေးချယ်လိုက်ပါတယ်။ ပြီးနောက် Document အတွင်း Mouse နှင့်ဖိဆွဲလိုက်ပါတယ်။ သင့်အနေဖြင့် Heart Shape ရဲ့ အရွယ်အစားကို ကြီးကြီးမားမား ရေးဆွဲပေးရန် လိုအပ်ပါတယ်။ ဒါမှသာ ၎င်းအတွင်း စာသား Text ပေါင်းများစွာကို ရေးထိုးရာမှာ စာသားများကို အလွယ်တကူ မြင်သာမှာ ဖြစ်ပါတယ်။
ဆက်လက်ပြီး စာသားများ ထည့်သွင်းရန်အတွက် ဘယ်ဖက် Tools Bar ရှိ Text Tool ကို ယူလိုက်ပါမယ်။
ပြီးနောက် Tools Bar ပေါ်ရှိ aa ဆိုသည့် အကွက်ကလေးဘေးမှာ Sharp ကို ပြောင်းလဲပေးရန် လိုအပ်ပါတယ်။ Alignment နေရာမှာကတော့ Center Alignment ကို ရွေးချယ် ပေးထားပါတယ်။
Text Color ကို ပြောင်းလဲပေးရန်အတွက် Tool Bar ပေါ်ရှိ အဖြူရောင် အကွက်ကလေးမှာ Click တစ်ချက် နှိပ်လိုက်ပါမယ်။
ပြီးနောက် အနီရောင်အဖြစ် ပြောင်းလဲပေးလိုက်ပါမယ်။ Font ကိုတော့ နှစ်သက်ရာ Font တစ်မျိုးမျိုးကို ရွေးချယ် အသုံးပြုနိုင်ပါတယ။် Font Size ကိုတော့ 8 လောက်သာ ထားရှိလိုက်ပါမယ်။ အခု စာသားများ စတင်ရိုက်တော့ပါမယ်။ ဒါကြောင့် အသဲပုံပေါ်မှာ Click တစ်ချက် နှိပ်လိုက်ပါမယ်။
ပြီးနောက် သင်နှစ်သက်ရာ စာသားများကို ရိုက်ထည့်လိုက်ပါ။ စာသားများအားလုံးဟာ အသဲပုံထဲမှာသာ ရောက်ရှိနေတာကို တွေ့မြင်ရပါလိမ့်မယ်။
ထို့နောက် ညာဖက် Layer မှ Background ကို Click နှိပ်လိုက်ပါ။ ဒါဆိုရင် Shape လိုင်းလေး ပျောက်သွားပြီး အသဲပုံသဏ္ဍန် စာသားကိုသာ တွေ့ရပါလိမ့်မယ်။
ဒီနည်းလမ်းအတိုင်း အခြား အသဲပုံများကို ကော်ပီပွား ယူလိုက်ပါတယ်။ ပြီးနောက် Background တစ်ခုကို ဖန်တီးလိုက်တဲ့ အခါမှာတော့ အခုလို လှပတဲ့ ဒီဇိုင်းတစ်ခု ရရှိသွားပြီ ဖြစ်ပါတယ်။
နောက်ပိုင်းအဆင့်တွေကတော့ သင့်နှစ်သက်သလို ဒီဇိုင်းပြုလုပ်ရန် ဖြစ်တဲ့အတွက်ကြောင့် အသေးစိတ် မဖော်ပြထားပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဇီုင်းဆိုတာဟာ အနုပညာကို အခြေခံထားတာကြောင့် သင့်စိတ်ကြိုက် လွတ်လပ်စွာ ပြုလုပ်နိုင်ရန် ဖြစ်ပါတယ်။