Hide လုပ်ထားသော Drive များကို ပြန်လည်ခေါ်ယူခြင်း
အခုဖော်ပြတဲ့သင်ခန်းစာကတော့ ယခင် သင်ခန်းစာရဲ့ အဆက် ဖြစ်ပါတယ်။ ယခင်သင်ခန်းစာမှာတုန်းကတော့ ကွန်ပျူတာအတွင်းမှာရှိတဲ့ Drive များကို Hide လုပ်ထားခဲ့ပါတယ်။
အခု သင်ခန်းစာမှာတော့ အဲဒီလို Hide လုပ်ထားတဲ့ Drive များကို ပြန်လည်ခေါ်ယူပါမယ်။ ထုံးစံအတိုင်း Command Promt ကို ၀င်လိုက်ပါ။ ပြီးနောက် Diskpart လို့ရိုက်ထည့်လိုက်ပါ။
ဒါဆိုရင် Diskpart ထဲကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ အဲဒီနောက် Drive Letter များအားလုံးကို မြင်တွေ့ချင်တာ ဖြစ်တဲ့အတွက်ကြောင့် list Volume လို့ ရိုက်ထည့်လိုက်ပါ။
အပေါ်ကပုံကိုကြည့်ရင် Drive 5 ဘေးနားမှာ Letter Name ဖြစ်တဲ့ G ဆိုတာ မပါဝင်တာကို တွေ့နေရပြီ ဖြစ်ပါတယ်။ ဒါဟာ တကယ်တော့ ဖျောက်ထားတဲ့ Drive တစ်ခု ဖြစ်ပါတယ်။ ပြီးနောက် Select volume 5 ဆိုပြီး Volume 5 ကို ရွေးချယ်ပေးလိုက်ပါ။
ထို့နောက် Assign Letter G လို့ ပြန်ရိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင် Hide လုပ်ထားတဲ့ Drive ကို ပြန်လည်မြင်တွေ့နေရပြီ ဖြစ်ပါတယ်။