Host File ဆိုတာ
ကွန်ယက်တစ်ခုအတွင်းရှိ ကွန်ပျူတာများ (သို့မဟုတ်) Network တစ်ခုကို ဖြတ်သန်းချိတ်ဆက်ထားသော ကွန်ပျူတာတစ်လုံးစီအတွက် သက်ဆိုင်ရာ IP Address များ လိုအပ်ပါတယ်။ ကွန်ပျူတာအရေအတွက် များလာတာနဲ့အမျှ လိုအပ်တဲ့ IP Address များလည်း များပြားလာမှာ ဖြစ်ပါတယ်။
ဥပမာ အင်တာနက်ချိတ်ဆက်အသုံးပြုသော ကွန်ပျူတာတစ်လုံးကို လေ့လာကြည့်ရအောင်။ ကွန်ပျူတာတစ်လုံးဟာ အင်တာနက်ချိတ်ဆက် သုံးပြုရန်အတွက် လိုအပ်တဲ့ Client Software တစ်နည်းအားဖြင့် Browser များ ထည့်သွင်းထားရန် လိုပါတယ်။
Browser များအနေဖြင့် Chrome , Firefox , Internet Explorer တို့ဟာ ကျွန်တော်တို့ နိုင်ငံမှာ လူသုံးများပါတယ်။ ဘယ် Browser ကိုပဲသုံးသုံး ၎င်းတို့ရဲ့ လုပ်ဆောင်ပုံနှင့် သဘောသဘာဝကတော့ အားလုံးအတူတူပဲ ဖြစ်ပါတယ်။ အခု Browser တစ်ခုကို ဖွင့်လိုက်ပါမယ်။ ပြီးနောက် Address Bar မှာ အသုံးပြုလိုတဲ့ URL လို့ခေါ်တဲ့ ၀ဘ်ဆိုက်လိပ်စာကို ရိုက်ထည့်ပါမယ်။ ဥပမာ http://www.google.com ဆိုပါစို့။
ဒီလိုမျိုး URL တစ်ခုကို ရိုက်ထည့်လိုက်ခြင်းရဲ့ နောက်ကွယ်မှာ ဒီဝဘ်ဆိုက်လိပ်စာ URL ဟာ IP Address တစ်ခုအနေဖြင့် အလိုအလျှောက်ပြောင်းလဲသွားပါတယ်။ ဒီလိုပြောင်းလဲသွားရာမှတဆင့် Client Software နဲ့ remote Server ကို ချိတ်ဆက်ပေးပြီး လိုအပ်တဲ့ Website များ ကို output အနေဖြင့် ပြန်လည်ထုတ်ပြပေးခြင်း ဖြစ်ပါတယ်။
ဒီလိုပြောင်းလဲသွားခြင်းကိုတော့ URL မှ IP Address သို့ ပြောင်းလဲခြင်း လို့ခေါ်ပါတယ်။ ဒီလိုပြောင်းလဲသွားအောင် ဘယ်သူက လုပ်ဆောင်ပေးသလဲဆိုတော့ DNS လို့ခေါ်တဲ့ Domain Naming System Server များမှ အလိုအလျှောက် ပြုလုပ်ဆောင်ရွက်ပေးပါတယ်။
ဒီနေရာမှာ DNS Server ဟာ Second Place အဆင့်မှာပဲ ရှိပါတယ်။ သူဟာ IP Address များကို စစ်ဆေးပေးခြင်းမျှသာ ရှိပါတယ်။ ပထမဆုံးအနေဖြင့် ပြုလုပ်ဆောင်ရွက်ပေးတာကတော့ ကွန်ပျူတာအတွင်းရှိ Hosts File များ ဖြစ်ပါတယ်။
Host File ဆိုတာဟာ Text-Based System File များဖြစ်ပြီး သူဟာ IP Address များနှင့် အမည်များအကြား Mapping ကို ဆောင်ရွက်ပေးပါတယ်။ အဓိက လုပ်ဆောင်ချက်ကတော့ DNS Server နဲ့ ချိတ်ဆက်ပေးရန် ဖြစ်ပါတယ်။ ဒီလို Host File တွေဟာ ကွန်ပျူတာအတွင်း C:\Windows\System32\Drivers\Etc\hosts ထဲမှာ ရှိပါတယ်။
၎င်းကို သွားဖွင့်လိုက်လျှင် ပုံမှ Text File အနေဖြင့်သာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့လုပ်ဆောင်ချက်ကတော့ Name များနဲ့ IP Address များအကြား အဓိကလုပ်ဆောင်ပေးပြီး ကွန်ပျူတာတစ်လုံးရဲ့ ကွန်ယက်ချိတ်ဆက်ခြင်းကို ဆောင်ရွက်ပေးတဲ့ File များ ဖြစ်ပါတယ်။