HP မှ Android Slate 7 အား ဒေါ်လာ 100 နှင့် ဈေးလျှော့ရောင်းချ

Written by S.N.O Published in 24 May 2014

Hawlett-Packard (HP) မှ ၎င်း ထုတ်လုပ်ထားသော Android Slate 7 Tablet အား ဒေါ်လာ 150 မှ ဒေါ်လာ 100 သို့ ဈေးလျှော့ကာ ရောင်းချမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

HP ၏  Android Slate 7 တွင် Quad Core Processor ထည့်သွင်းပေးထားပြီး ၎င်း Processor ဟာ စွမ်းဆောင်ရည် အထူးကောင်းမွန်ကြောင်း ယခု Tablet ဟာ ယင်း Processor ထည့်သွင်းထားသော Tablet များအနက် အလွန်ဈေးသက်သာသော Tablet တစ်မျိုးဖြစ်ကြောင်း HP မှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

HP ၏ HP 7 Plus Tablet ကိုလည်း ဒေါ်လာ 99.99 နှင့်ရောင်းချခဲ့ပြီး လက်ရှိ အမေရိရန်ဈေးကွက် အတွင်းလူကြိုက်များနေသော Brand တစ်ခု ဖြစ်ကြောင်းသိရပါတယ်။

HP 7 Plus တွင် 1 GHz A31 Processor ကို အသုံးပြုထားပြီး ၎င်း Processor ဟာ အလွန်စွမ်းဆောင်ရည်ကောင်းမွန်ပြီး မြန်နှုန်းမြင့် Processor တစ်မျိုး မဟုတ်ပေမယ့် ဒေါ်လာ 100 တန်ဖိုးနှင့်နှိုင်းယှဉ်လျှင် လွန်စွာမှ ဈေးသက်သာကြောင်း သတင်းဌာနများမှ ဖော်ပြထားပါတယ်။ HP Tablet များတွင် Android 4.2.2 Jelly Bean Operating System ကို ထည့်သွင်းအသုံးပြုထားပါတယ်။

RAM ပမာဏကတော့ 1 GB SDRAM ဖြစ်တဲ့အတွက် အမြန်နှုန်းသင့်တင့်တယ်လို့ ဆိုနိုင်ပါတယ်။ Data များ သိမ်းဆည်းရန်အတွက် Storage အနေဖြင့် Internal 8 GB ပါဝင်ပြီး ထပ်မံတိုးမြင့်ချင်တယ်ဆိုရင်တော့ Micro SD ထပ်ထည့်ပြီး တိုးမြှင့်နိုင်ပါတယ်။ အခြား ထပ်မံပါဝင်တာတွေကတော့ အခြေခံ Tablet တစ်ခုမှာ ပါဝင်တဲ့ Camera , Wi Fi  အစရှိသဖြင့် အပြည့်အစုံ ပါဝင်ကြောင်း သိရပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.