IBM ကုမ္ပဏီမှ နောင်လာမည့် ကွန်ပျူတာ Chipset များအတွက် ဒေါ်လာ ၃ ဘီလီယံကျော် ရင်းနှီးမြှပ်နှံ

Written by S.N.O Published in 14 Jul 2014

      IBM ကုမ္ပဏီမှ နောင်လာလည့် ကွန်ပျူတာများအတွင်း ထည့်သွင်းအသုံးပြုမည့် Chipset များအတွက် ရင်းနှီးမြှပ်နှံ့မှု ငွေ ဒေါ်လာ (၃) ဘီလီယံကျော်ကို အကုန်အကျခံကာ အသုံးပြုသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

        IBM ကုမ္ပဏီ အနေဖြင့် ယခုကဲ့သို့ဒေါ်လာငွေ အမြောက်အများရင်းနှီးရခြင်းမှာ နောင်လာမည့် ကွန်ပျူတာများအတွင်းရှိ Processor  များကို ပိုမို စွမ်းဆောင်ရည် ကောင်းမွန်စေရန်နှင့် Processor အရွယ်အစားကိုလည်း ပိုမို သေးငယ်စွာ အသုံးပြုနိုင်ရန်အတွက် ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့ပါတယ်။

 

 

    IBM ကုမ္ပဏီရဲ့ ပထမရည်ရွယ်ချက်ကတော့ Chip များကို အီလက်ထရောနစ် Component များဖြစ်သည့် Transistor များကို ပိုမိုကောင်းမွန်စေရန်ဖြစ်သလို ၎င်းအတွင်း 7 Nanometer နည်းပညာရပ်ကို ထည့်သွင်းအသုံးပြုရန်ဖြစ်ပါတယ်။

ဒုတိယရည်ရွယ်ချက်အနေနဲ့ကတော့ ယနေ့ခေတ်အသုံးပြုလျှက်ရှိသော Silicon Chip များထက် ပိုမိုစွမ်းဆောင်ရည်ကောင်းသော Chipset များ ထုတ်လုပ်ရန်အတွက် ဖြစ်ပြီး ကွန်ပျူတာထုတ်လုပ်သောစက်ရုံများ ၊ နည်းပညာကုမ္ပဏီများ အနေဖြင့် တွက်ချက်နိုင်မှုစွမ်းရည်ကို ယခုထက်ပိုမို၍ကောင်းမွန်စေရန် အတွက် ဖြစ်ကြောင်း IBM ကုမ္ပဏီမှ ပြောကြားခဲ့ပါတယ်။

လာမည့် ဆယ်နှစ်တာ ကာလအတွင်း လက်ရှိအသုံးပြုနေသော System များ အားလုံးဟာ ပြောင်းလဲသွားမှာ ဖြစ်သလို ယနေ့မှာ မဖြေရှင်းနိုင်သေးတဲ့ ပြဿဿဿနာရပ်များကို နောင် သိပ္ပံနည်းကျ နည်းပညာရပ် အသစ်ဟာ ဖြေရှင်းနိုင်မှာ ဖြစ်ကြောင်း IBM ကုမ္ပဏီမှ ယုံကြည်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.