Icon များပြောင်းလဲခြင်း
ဒီသင်ခန်းစာကတော့ ကွန်ပျူတာကို စတင်အသုံးပြုသူတွေအတွက် Windows Tip သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။ Windows Desktop ပေါ်မှာ ပေါ်နေတဲ့ Icon များကို သင်နှစ်သက်ရာပုံစံအတိုင်း အမျိုးမျိုးပြောင်းလဲအသုံးပြုနိုင်ရန် သင်ကြားပေးမည့် သင်ခန်းစာတစ်ရပ် ဖြစ်ပါတယ်။
လက်ရှိ Computer ရဲ့ မည်သည့်နေရာမှာမဆို Folder များ Icon များကို သင်နှစ်သက်ရာ ပုံစံအတိုင်း အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ ဒီလိုပြောင်းလဲရန်အတွက် ကွန်ပျူတာအတွင်းရှိ နှစ်သက်ရာ Icon တစ်ခုခုကို ရွေးချယ်လိုက်ပါ။ ပြီးနောက် Right Click နှိပ်ပြီး Properties ကို ရွေးချယ်လိုက်ပါ။
Customize ကို ဆက်လက်ရွေးချယ်လိုက်ပါ။ ပြီးနောက် အောက်ဖက်ရှိ Change Icon နေရာမှာ Click နှိပ်လိုက်ပါ။
နှစ်သက်ရာ Icon တစ်ခုခုကို ရွေးချယ်ပေးလိုက်ပါ။ပြီးနောက် Apply > OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် သင်ရွေးချယ်လိုက်တဲ့ ပုံအတိုင်း Icon လေးပြောင်းလဲသွားတာကို မြင်တွေ့ရပါလိမ့်မယ်။