IE 7 နှင့် IE 8 တွင် အားနည်းချက်များရှိကြောင်း သတင်းဌာနများမှ သတိပေးပြောကြား

Written by S.N.O Published in 23 May 2014

                 လွန်ခဲ့တဲ့ 2013 ခုနှစ် အောက်တိုဘာလမှ စတင်ပြီး Microsoft မှ ၎င်းထုတ်လုပ်ထားသော Internet Explore 7 , 8 တို့နှင့်ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာ ပြင်ဆင်ချက်များ တစ်စုံတစ်ရာ ထပ်မံထုတ်လုပ်ပေးခြင်း မရှိတော့ကြောင်း Zero Day သတင်းဌာနမှ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

Microsoft မှ Internet Explorer 7 , Internet Explorer 8 တို့တွင်ရှိသော အားနည်းချက် ယိုပေါက်များအတွက် သီးသန့် Patch များ ထုတ်လုပ်ပေးခြင်း မရှိသည့်အတွက်ကြောင့် Hacker များအနေဖြင့် ၎င်းအတွင်းရှိ အားနည်းချက်များမှတဆင့် အန္တရာယ်ရှိသော Code များပို့လွှတ်ကာ တိုက်ခိုက်လေ့ရှိကြောင်း အင်တာနက်အသုံးပြုရာမှတဆင့် ကွန်ပျူတာအတွင်း အခြားမလိုလားအပ်သော Virus များ ၀င်ရောက်လာနိုင်ကြောင်း သတိပေးထုတ်ပြန်ထားပါတယ်။

IE 8 ဟာ Microsoft ၏ နောက်ဆုံးထွက် Windows XP တွင် ထည့်သွင်းအသုံးပြုထားသော Browser တစ်ခုဖြစ်ပြီး ယခုအချိန်မှာတော့ ၎င်း IE 8 Browser အတွက် Microsoft မှ လုံခြုံရေးဆိုင်ရာ ထပ်မံဖြည့်စွက်ချက် တစ်စုံတစ်ရာ ထုတ်လုပ်ပေးခြင်းမရှိကြောင်း သိရသည်။

                 ၎င်းအားနည်းချက်ဟာ ပြင်ဆင်ရန်ခက်ခဲပြီး User များအနေဖြင့် ဗားရှင်းမြင့် IE Browser တစ်ခုခုကိုသာ ပြောင်းလဲအသုံးပြုသင့်ကြောင်း သတင်းဌာနများမှ ဝေဖန်ပြောကြားခဲ့ပါတယ်။

Microsoft မှ ပြောရေးဆိုခွင့်ရှိ သူတစ်ဦးမှ ၎င်းတို့အနေဖြင့် လုံခြုံရေးဆိုင်ရာ ယိုပေါက်အားနည်းချက်များကို အတတ်နိုင်ဆုံး အမြန်ဆုံး ထုတ်လုပ်ပေးခဲ့ကြောင်း ၊ အချို့သော အားနည်းချက်များဟာ အလွန်ရှုပ်ထွေးပြီး ပြန်လည်ပြင်ဆင်ပေးရန် ခက်ခဲကြောင်း ၊ Microsoft အနေဖြင့် လုံခြုံရေးဆိုင်ရာ Patch များကို Program အများအပြားအသုံးပြုကာ စမ်းသပ်ပြီးမှသာ တရားဝင်ထုတ်ပေးလေ့ရှိကြောင်း ပြန်လည် ပြောကြားခဲ့ပါတယ်။

                 Microsoft အနေဖြင့် Operating System များ ပြောင်းလဲအသုံးပြုခြင်းအားဖြင့် ဒီ ပြဿနာကို ဖြေရှင်းနိုင်ကြောင်း ၊ IE 8 ကို အသုံးပြုလိုပါကလည်း Internet Security Zone တွင်ပါဝင်သော Setting ၌ Active Scripting ကို Disable ပြုလုပ်ကာ အသုံးပြုသင့်ကြောင်း ၊ Enhanced Mitigation Experience Toolkit ကိုလည်း Install ပြုလုပ်ကာ အသုံးပြုသင့်ကြောင်း အကြံပြုပြောကြားခဲ့ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.