Importing Text in InDesign CS 5
Adobe InDesign ဟာ အခြားသော Text Program များနှင့် ဖန်တီးထားတဲ့ Document များကို အလွယ်တကူ Import ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပါတယ်။
ဥပမာ သင့်အနေဖြင့် Notepad နဲ့ ရိုက်ထားသောစာသားများ Microsoft Word နှင့် ရိုက်ထားသော စာသားနှင့် ပုံများအား Adobe InDesign အတွင်း အလွယ်တကူ ထည့်သွင်းနိုင်ပါတယ်။
ပုံမှန်အားဖြင့် Word File များအတွင်းရှိ စာသားများကို Copy ကူးပြီး Adobe InDesign မှာ Paste လုပ်ကာ ထည့်သွင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းဟာ စနစ်မကျပါဘူး။ အခု Adobe InDesign အတွင်းသို့ အခြားသော Text , Document File များကို စနစ်တကျ Import ပြုလုပ်ပါမယ်။
ပထမဦးဆုံး New Document တစ်ခုကို Create ပြုလုပ်ထားပါ။ ပြီးနောက် Text Tool ကို ယူကာ စာရိုက်မည့် နေရာအတွက် Select လုပ်ပေးထားပါ။
ပြီးနောက် File Menu ထဲမှ Place ကို နှိပ်လိုက်ပါ။ Keyboard Shortcut အနေဖြင့် Ctrl+D ကိုနှိပ်ကာ အသုံးပြုနိုင်ပါတယ်။
ကွန်ပျူတာအတွင်းရှိ နှစ်သက်ရာ Text File တစ်ခုခုကို ရွေးချယ်ပေးလိုက်ပါ။
Open လုပ်လိုက်ပါ။ ဒါဆိုရင် ၎င်း Text File အတွင်း ပါဝင်သော စာသားများ ပုံများဟာ Adobe InDesign အတွင်းသို့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
ဒီနည်းလမ်းအတိုင်း အခြား Microsoft Word File များ၊ Adobe Pagemaker File များကိုလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် တစ်ချက်သတိထားရမှာကတော့ Font ပုံစံနှင့် အရွယ်အစားကိုတော့ သင်နှစ်သက်ရာ ပုံအတိုင်း ပြန်ပြောင်းပေးရပါတယ်။