InDesign အတွင်း ဓါတ်ပုံများ ထည့်သွင်းပြင်ဆင်ခြင်း (1)
Adobe InDesign အတွင်း သင်နှစ်သက်ရာ ဓါတ်ပုံများကို ထည့်သွင်းပြုပြင်ပေးလို့ ရပါတယ်။ Adobe InDesign အတွင်းမှာ ဓါတ်ပုံများအား ကောင်းမွန်စွာ ပြုပြင်ပေးနိုင်ရန်အတွက် Effect များ ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် InDesign အတွင်းမှာ Adobe Photoshop ကဲ့သို့ Professional Photo Editing Tools များစွာ မပါဝင်ပါဘူး။
သူ့ထဲမှာ ပါဝင်တဲ့ Tools အများစုဟာ Layout Design ပြုလုပ်ရန်အတွက်သာ ဖြစ်ပါတယ်။ အခု Adobe InDesign အတွင်း ဓါတ်ပုံတစ်ပုံ ထည့်သွင်းပြင်ဆင်ရန်အတွက် File > Place ကို ခေါ်လိုက်ပါ။ ပြီးနောက် နှစ်သက်ရာ Photo File တစ်ခုခုကို ရွေးချယ်ပေးလိုက်ပါ။
ဒါဆိုရင် InDesign File အတွင်း ဓါတ်ပုံတစ်ပုံ ရောက်ရှိသွားပါလိမ့်မယ်။
ဓါတ်ပုံရဲ့ အရွယ်အစားကို Control + Shift + Mouse နဲ့ ဆွဲပြီး လိုအပ်သလို အကြီးအသေးကို ချိန်ပေးနိုင်ပါတယ်။ ပြီးနောက် ဓါတ်ပုံပေါ်မှာ Right Click နှိပ်လိုက်ပါမယ်။ Effect ကို ရွေးချယ်ပြီး Drop Shadow ကို ရွေးချယ်ပေးလိုက်ပါမယ်။
Keyboard Shortcut အနေဖြင့် Control + Alter + M ကို နှိပ်ကာ အသုံးပြုနိုင်ပါတယ်။
ပြီးနောက် Multiply ဘေးနားရှိ အကွက်ကလေးရဲ့ အရောင်ကို ခဲရောင်လေး ပြောင်းပေးလိုက်ပါမယ်။ Use Global Light ဘေးမှာ အမှန်ခြစ်ကလေး ထည့်သွင်းပေးလိုက်ပါမယ်။ Angle ကိုတော့ 120 ဒီဂရီအတိုင်းပဲ ထားပြီး အသုံးပြုလိုက်ပါမယ်။ အားလုံးပြီးသွားရင်တော့ OK ကို နှိပ်လိုက်ပါမယ်။
ဒါဆိုရင်တော့ သင့်ရဲ့ ဓါတ်ပုံအတွင်း နောက်ခံ Shadow အရိပ်ကလေးတစ်ခု ထည့်သွင်းပေးသွားတာကို တွေ့ရပါလိမ့်မယ်။