InDesign အတွင်း ဓါတ်ပုံများ ထည့်သွင်းပြင်ဆင်ခြင်း ( 2 )
ဆက်လက်ပြီး Inner Shadow ထည့်သွင်းပုံကို ဆက်လက်လေ့လာပါမယ်။ Inner Shadow ကတော့ ပုံရဲ့ အတွင်းပိုင်းမှာ အရိပ်ကျနေသကဲ့သို့ ပြုလုပ်ဆောင်ရွက်ပေးသည့် Effect ဖြစ်ပါတယ်။
ပုံရဲ့ အနားသတ်မျဉ်းများကို ပိုမိုလှပစေရန်အတွက် အသုံးပြုလေ့ရှိပါတယ်။ ထုံးစံအတိုင်း ပုံတစ်ပုံ ထည့်သွင်းလိုက်ပါ။ ပြီးနောက် Control + Alter + M ကို နှိပ်လိုက်ပါမယ်။ အပေါ်ဖက်ဆုံးရှိ Inner Shadow ကို ရွေးလိုက်ပါမယ်။
Mode ဘေးနားက ကာလာကို နှစ်သက်ရာ အရောင်တစ်မျိုးမျိုး ရွေးချယ်ပေးလိုက်ပါ။ Opacity ကိုတော့ 45 ဝန်းကျင်လောက်ကို ပြောင်းလဲအသုံးပြုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ Opacity ကို တင်ထားမယ်ဆိုရင် အရိပ်ရဲ့အရောင်ဟာ အရမ်းတောက်နေလို့ ဖြစ်ပါတယ်။
Use Global Light ဘေးမှာ အမှန်ခြစ်ကလေး ထည့်သွင်းထားမယ်ဆိုရင် သဘာဝအလင်းအတိုင်း အရိပ်ကျနေသကဲ့သို့ ဆောင်ရွက်ပေးနိုင်ပါတယ်။ Distance ကတော့ ပုံနှင့် အရိပ်ရဲ့အကွာအဝေးကို ချိန်တဲ့နေရာမှာ အသုံးပြုပါတယ်။
အားလုံးပြီးသွားရင်တော့ OK ကို နှိပ်လိုက်ပါ။ သင့်ရဲ့ ပုံလေးအတွင်းမှာ နောက်ထပ် အရိပ်ကလေးတစ်ခု ထည့်သွင်းပေးသွားတာကို ယခုလို မြင်တွေ့ရပါလိမ့်မယ်။