Input Unit နှင့် Output Unit ကို လေ့လာခြင်း
Input Unit
Input Unit ဆိုတာကတော့ ကွန်ပျူတာအတွင်းသို့ အသုံးပြုသူတစ်ဦးမှ ထည့်သွင်းလိုက်သော Data များကို လက်ခံဆောင်ရွက်ခြင်းကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ သူ့ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ အသုံးပြုသူနှင့် ကွန်ပျူတာအကြား အဆင်ပြေပြေ ချိတ်ဆက်မှုရှိစေရန် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။
ကွန်ပျူတာစကားနဲ့ပြောမယ်ဆိုရင်တော့ လူသားတစ်ယောက် လုပ်ဆောင်ချက်များကို ကွန်ပျူတာမှ နားလည်စေရန်အတွက် Information များ ကူးပြောင်းပေးခြင်း (ဘာသာပြန်ပေးခြင်း) ဖြစ်ပါတယ်။
ဥပမာ လူတစ်ယောက်သည် ဘာသာစကားတစ်မျိုးကို တတ်ကျွမ်းပေမယ့် ကွန်ပျူတာကို စကားပြောဆိုခိုင်းလို့ မရပါဘူး။ ကွန်ပျူတာမှသိသော နားလည်သော ဘာသာစကားသို့ ပြောင်းလဲပေးသည့် စနစ်တစ်ရပ် ဖြစ်ပါသည်။ Input Unit နှင့်သက်ဆိုင်သော ကွန်ပျူတာအစိတ်အပိုင်းတွေကတော့
CPU (Central Processing Unit)
CPU ကို Central Processing Unit လို့ ခေါ်ဆိုပါတယ်။ သူကတော့ ကွန်ပျူတာရဲ့ဦးနှောက်လို့ တင်စားခေါ်ဝေါ်လေ့ရှိတဲ့ Microprocessor ဖြစ်ပါတယ်။
ကွန်ပျူတာတစ်လုံးအတွင်း တပ်ဆင်ထားသော CPU ဟာ အားလုံးသော တွက်ချက်မှုစနစ်များကို လုပ်ဆောင်ပေးပါတယ်။ ဥပမာအားဖြင့် Data များ သိမ်းဆည်းခြင်း၊ Program များကို လမ်းညွှန်ပေးခြင်း၊ ကွန်ပျူတာအစိတ်အပိုင်းများ အားလုံးကို ပြန်လည်ခိုင်းစေခြင်း စတာတွေကိုလုပ်ဆောင်ပေးပါတယ်။ အဲဒီလို CPU တွေမှာ ဘာတွေပါဝင်သလဲဆိုရင်
1. ALU (Arithmetic Logic Unit
2. Memory Unit
3. Control Unit ဆိုပြီးတော့ Component သုံးမျိုး ပါဝင်ပါတယ်။
Output Unit
Output Unit တစ်ခုမှာတော့ ကွန်ပျူတာမှ ပြန်လည်ထုတ်လုပ်ပေးသည့် သတင်းအချက်အလက် Information များ ပါဝင်ပါတယ်။ အဓိကကတော့ လူတစ်ယောက်လုပ်ဆောင်ချက်အပေါ် Output ပြန်လည်ထုတ်လုပ်ပေးခြင်း ဖြစ်ပါတယ်။
Output Unit ကို ပြသပေးရန်အတွက် ကွန်ပျူတာဟာ Monitor နှင့် ချိတ်ဆက် ဆောင်ရွက်ပေးပါတယ်။