Inserting or Deleting cells
Microsoft Excel ကို အသုံးပြုရာမှာ သက်ဆိုင်ရာ Cell အကွက်များကို ထပ်မံထည့်သွင်းခြင်း၊ Cell အကွက်များကို ဖျက်ခြင်း စတာတွေကို သင်အလိုရှိသလို ပြုလုပ် ဆောင်ရွက်နိုင်ပါတယ်။ ထို့အပြင် Cell အကွက် တစ်ကွက်ခြင်းစီအား ထပ်မံထည့်သွင်းခြင်း၊ နေရာရွှေ့ခြင်းများကိုလည်း ပြုလုပ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ပထမဆုံးအနေဖြင့် Cell အကွက် အသစ်တစ်ခုကို ထပ်မံထည့်သွင်းပါမယ်။ ဒီတော့ ပထမဆုံး Cell အကွက် အသစ်တစ်ခု ထည့်သွင်းလိုသော နေရာတွင် Select မှတ်လိုက်ပါ။
ပြီးနောက် Right Click နှိပ်ပြီး Insert ကို ရွေးပေးလိုက်ပါမယ်။
ဒါဆိုရင် အောက်ပါပုံအတိုင်း Cell အကွက်များကို ဘယ်နေရာမှာ ထည့်သွင်းမှာလဲ ဆိုတာကို မေးပါလိမ့်မယ်။ Shift Cells right ကတော့ ညာဖက်ကို တိုးပြီး ထည့်သွင်းပေးမယ် ဆိုတာပါ။
Shift Cells Down ကတော့ အောက်ဖက်ကိုတိုးပြီး ထည့်သွင်းပေးသွားမယ်လို့ဆိုတာ ဖြစ်ပါတယ်။ Entire row / column ကတော့ Row တစ်ခုလုံး (သို့မဟုတ်) Column တစ်ခုလုံးအနေဖြင့် ထည့်သွင်းပေးသွားမယ်လို့ ပြောတာ ဖြစ်ပါတယ်။
ပြီးနောက် OK ကို နှိပ်လိုက်တာနှင့် သင်ပြုလုပ်နေသော Worksheet အတွင်း Cell အကွက်တစ်ကွက် ထပ်မံ ထည့်သွင်းပေးသွားတာကို တွေ့ရပါလိမ့်မယ်။
Cell အကွက်တစ်ကွက်ကို Delete ပြုလုပ်ရာမှာလည်း Insert အတိုင်းပါပဲ။ Cell အကွက်ပေါ်မှာ Right Click နှိပ်ပြီး Delete ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ Keyboard မှ Delete Key ကို နှိပ်ယုံဖြင့် Delete မဖြစ်ပါဘူး။ Right Click > Delete ကို ရွေးမှသာ Delete ဖြစ်တာကို တွေ့ရပါတယ်။