Inserting or deleting a worksheet

Written by S.N.O Published in 14 Nov 2014

             Excel အတွင်း ထည့်သွင်းအသုံးပြုသော Worksheet များကို သင်အလိုရှိသလို ထပ်မံထည့်သွင်းခြင်း ၊ Delete ပြုလုပ်ခြင်းများကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါတယ်။ Worksheet များကိုတော့ သက်ဆိုင်ရာ တွက်ချက်မှုအလိုက် သင့်ရဲ့ Project အတွင်း ထည့်သွင်းတည်ဆောက်နိုင်ပါတယ်။
          Excel Worksheet အတွင်း နောက်ထပ် Worksheet တစ်ခုကို ထပ်မံထည့်သွင်းရန်အတွက် အောက်ဆုံးရှိ Worksheet ဘေးနားရှိ + လက္ခဏာလေးကို နှိပ်လိုက်ပါ။ ဒါဆိုရင်နောက်ထပ် Worksheet တစ်ခု ထပ်မံထည့်သွင်းပေးသွားတာကို တွေ့ရပါလိမ့်မယ်။

 


                 Excel Worksheet တစ်ခုကို ဖျက်ချင်တယ်ဆိုရင်တော့ သင် Delete ပြုလုပ်လိုသော Worksheet ကို ရွေးချယ်ပြီး Right Click နှိပ်လိုက်ပါ။ ပြီးနောက် Delete ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် သက်ဆိုင်ရာ Worksheet ကို ဖျက်ပေးသွားမှာ ဖြစ်ပါတယ်။

 


 

               Worksheet တစ်ခုရဲ့ အမည်ကို ပြောင်းလဲပေးရန်အတွက် Worksheet ပေါ်မှာ Right Click နှိပ်ပြီး Rename ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ Right Click မှမသုံးချင်ပဲ အလွယ်သုံးချင်ရင်တော့ Sheet ပေါ်မှာ Double Click နှိပ်လိုက်ပါ။ ပြီးနောက် သင်နှစ်သက်ရာ အမည်တစ်ခုခုကို ပြောင်းလဲပေးနိုင်ပါတယ်။

 


               Worksheet တစ်ခုကို နေရာပြောင်းရန်အတွက် Right Click နှိပ်ပြီး Move ကို ရွေးချယ်ပေးလိုက်ပါ။ ပြီးနောက် မည်သည့်နေရာသို့ ရွှေ့ပြောင်းမှာလဲဆိုတာကို မေးပါလိမ့်မယ်။ သင်နှစ်သက်ရာ Worksheet များအလိုက် ရွေးချယ်ပေးနိုင်ပါတယ်။

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.