Intel မှ Core M Chip ကို ထုတ်လုပ်

Written by S.N.O Published in 16 Aug 2014

        လွန်ခဲ့တဲ့ တစ်ပတ်ဝန်းကျင်က Intel ကုမ္ပဏီမှ ၎င်းရဲ့ Broadwell လို့ Code Name ပေးထားတဲ့ Core M Processor အသစ်ကို ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း ကြေညာပြောကြားခဲ့ပါတယ်။

Intel ရဲ့ Core M Processor အသစ်ဟာ 14 Nanometer ကို အသုံးပြုထားပြီး 9 မီလီမီတာအောက် ပါးလွှာသေးငယ်သော Microprocessor ဖြစ်ပါတယ်။

Intel အနေဖြင့် ယခုကဲ့သို့ 14 Nanometer နည်းပညာအသစ်ကို စတင်ထုတ်လုပ်ခဲ့ပြီး ယခင် 22 Nanometer Chip ဖြစ်တဲ့ Haswell ထက် များစွာ ပိုမိုကောင်းမွန်အောင် ကြိုးပမ်းထားပါတယ်။

 

 

        Intel ရဲ့ Core M Processor အသစ်ဟာ Tablet များနှင့် နောက်ဆုံးပေါ် Laptop များအတွင်း ထည့်သွင်းအသုံးပြုရန်အတွက် ဖြစ်ပြီး ယခင် ARM ရဲ့ နည်းပညာရပ်များကို ယှဉ်ပြိုင်နိုင်ရန်အတွက်လည်း ဖြစ်ပါတယ်။

ယခု Core M Processor ကိုလည်း Intel မှ လွန်ခဲ့တဲ့ ခြောက်လ လောက်ကတည်းက ဈေးကွက်အတွင်း ထွက်ရှိနိုင်ရန် ကြိုးပမ်းခဲ့ပေမယ့် ယခု လ အတွင်းမှာသာ ဈေးကွက်အတွင်း ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

        Intel အနေဖြင့် ယခု Chip ထုတ်လုပ်ခဲ့ပြီးနောက်ပိုင်း လာမည့် 2015 နှစ်ဝက်လောက်မှသာ နောက်ထပ် Chip အသစ်တစ်ခုကို ဆက်လက်ထုတ်လုပ်နိုင်တော့မှာ ဖြစ်ကြောင်း ၊ ယခု ပထမဆုံးအနေဖြင့် Core M ကို အသုံးပြုထားတဲ့ Chip ဟာ Apple , Qualcomm , Samsung တို့ရဲ့ Chip များကို ယှဉ်ပြိုင်နိုင်ရန် ဖြစ်ကြောင်း ၊ နောက်ဆုံးပေါ်စွမ်းဆောင်ရည်မြင့် Tablet များအတွင်း ထည့်သွင်းအသုံးပြုရန် ဖြစ်ကြောင်း Intel မှ ၎င်း ရဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.