Intel ရဲ့ နောက်ထပ်မျိုးဆက်သစ် Broadwell Processor ဟာ 2015 မှသာ ထွက်ပေါ်လာဖွယ်ရှိ
Intel မှထုတ်ပြန်ကြေငြာထားတဲ့ ၎င်းရဲ့နောက်ဆုံးပေါ်မျိုးဆက် Broadwell Processor ဟာ နောင်လာမည့် 2015 မှသာ ထွက်ပေါ်လာဖွယ်ရှိကြောင်း သတင်းဌာနများမှ သုံးသပ်ပြောဆိုကြပါတယ်။ ၎င်း Processor ဟာ လွန်စွာစွမ်းဆောင်ရည်ကောင်းမွန်ပြီး မြန်နှုန်းမြင့်အမျိုးအစားဖြစ်ကြောင်း ၎င်း ကို Mac နဲ့ Windows 8.1 Device များအတွင်း ထည့်သွင်းအသုံးပြုရန် တီထွင်ဖန်တီးထားကြောင်း Intel မှ ပြောကြားထားပါတယ်။
လွန်ခဲ့တဲ့ လက ဈေးကွက်အတွင်း Apple မှ ထုတ်လုပ်ခဲ့သည့် iMac အသစ် Surface Pro 3 တွင်လည်း Haswell Processor ကိုသာ အသုံးပြုထားပါတယ်။
ယခု Intel ရဲ့ Processor အသစ်ကို စောင့်မျှော်နေသည့် နည်းပညာကုမ္ပဏီများအနေဖြင့် ယခုနှစ်အကုန်ပိုင်း နှင့်နောင်နှစ် 2015 မှသာ Intel ရဲ့ Processor ကို မြင်တွေ့ရဖွယ်ရှိကြောင်း CNet သတင်းဌာနမှ သတိပေးပြောကြားထားပါတယ်။