Internet Explorer ရဲ့ Download Folder ကို ပြောင်းလဲသတ်မှတ်ခြင်း
Internet Explorer ကို အသုံးပြုပြီး အင်တာနက်မှ File များကို Download ပြုလုပ်ရာမှာ ပုံမှန်ဆိုလျှင် My Computer > Download ထဲကိုသာ ရောက်ပါတယ်။ အဲဒါကို ကိုယ်လိုချင်တဲ့နေရာ Data D: , Data E : အစရှိသဖြင့် ပြောင်းလဲသတ်မှတ်ထားလို့ရပါတယ်။
အဲဒီလို သတ်မှတ်ထားလိုက်မယ်ဆိုရင် Internet Explorer နဲ့ Download ပြုလုပ်သည့်အခါတိုင်း သတ်မှတ်ထားတဲ့ Folder အတွင်းကိုသာ File များအားလုံးကို Download ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
အချို့သော Download ပြုလုပ်ခြင်းတွေဟာ Location လို့ခေါ်တဲ့ သိမ်းဆည်းမည့်နေရာကို မေးမြန်းသည့်အတွက် ကျွန်တော်တို့အနေဖြင့် သတ်မှတ်ပေးလို့ရပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ သူ့အလိုအလျှောက် Download ပြုလုပ်သွားပြီး Download Folder ထဲကို ထည့်သွင်းလိုက်ပါတယ်။ ဒီတော့ ပြန်ရှာရတာ နည်းနည်းခက်ခဲပါလိမ့်မယ်။
အခု Internet Explorer မှာ Download Folder ကို ပြောင်းလဲဖို့ရန်အတွက် My Computer ကို ဖွင့်လိုက်ပါ။ ပြီးနောက် ညာဖက် Downloads ဆိုသည့်နေရာမှာ Right Click >Properties ကို ရွေးချယ်ပေးလိုက်ပါ။
Target နေရာတွင် Download ပြုလုပ်သိမ်းဆည်းလိုသည့်နေရာ Location ကို ပြောင်းလဲရွေးချယ်ပေးလိုက်ပါမယ်။ ပြီးနောက် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် Internet Explorer နဲ့ Download ဆွဲသည့် ဖိုင်များအားလုံး E:\IDM Download ထဲကို ရောက်သွားမှာ ဖြစ်ပါတယ်။