Internet Shortcut ပြုလုပ်ခြင်း
သင့်အနေဖြင့် နေ့စဉ် အသုံးပြုနေကျ Website တစ်ခုအား သင့်၏ကွန်ပျူတာအတွင်း Shortcut ဖန်တီးထားလို့ရပါတယ်။ ဒီလို ဖန်တီးမှုဟာ အလွန်လွယ်ကူပေမယ့် လူသိနည်းပါတယ်။
Shortcut ဖန်တီးထားခြင်းဖြင့် ထို Shortcut အား Double Click ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သင်မြင်တွေ့ချင်သော Homepage နှင့်တကွ Browser တက်လာမှာ ဖြစ်ပါ တယ်။
ပထမဆုံးအနေဖြင့် Shortcut ပြုလုပ်ချင်သော Website လိပ်စာတစ်ခုကို ရှာဖွေထားရပါမယ်။ ဥပမာအားဖြင့် www.google.com လိုမျိုးပေါ့။
ထို Website အား စတင်ပြီး Shortcut ပြုလုပ်ပါမယ်။ ဒီလို Shortcut ပြုလုပ်ရာမှာ သာမန် Windows တွင် Shortcut ဖန်တီးသကဲ့သို့သာ ဖြစ်တာကြောင့် လွယ်ကူ မြန်ဆန်စေပါတယ်။
ယခုလို သင်နှစ်သက်သော Website Address တစ်ခုကို ရပြီဆိုရင်တော့ ပထမဆုံးအနေဖြင့် ထိုလိပ်စာအား Right Click မှတစ်ဆင့် Copy ကူးယူထားရမှာပဲ ဖြစ်ပါတယ်။ ထို့နောက် သင့်ကွန်ပျူတာ၏ Desktop ပေါ်တွင် Right Click နှိပ်ပြီး New မှတစ်ဆင့် Shortcut ကို ရွေးချယ်ပေးလိုက်ပါ။
Fig (1)
ထိုအခါမှာ Create Shortcut Box ကျလာမှာဖြစ်ပြီး Type the location of the item: နေရာမှာ သင်အသုံးပြုလိုသော Website Address ကို Paste လုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ ထို့နောက် Next ကို တစ်ချက်နှိပ်လိုက်ပါ။
Fig(2)
ထပ်မံပေါ်ပေါက်လာတဲ့ Box မှ Shortcut အမည်ကို နှစ်သက်ရာပေးပြီး Finish ကို ရွေးချယ်ပေးလိုက်ပါ။ ထိုအခါ အသင့်သုံးနိုင်သော Internet Shortcut တစ်ခုကို ရရှိသွားပြီ ဖြစ်ပါတယ်။
Fig(3)
ယခုလို လုပ်ဆောင်မှုဟာ လွယ်ကူပြီး သင့်အနေဖြင့် နောက်တစ်ကြိမ် ထို Shortcut ကို နှိပ်လိုက်ရုံဖြင့် သင့်အသုံးပြုလိုသော Home Page နှင့်တကွ Browser တက်လာမှာပဲ ဖြစ်ပါတယ်။
ထိုသို့ ဖန်တီးလိုက်သော Shortcut ကို ထပ်မံပြီး Shortcut ပြုလုပ်ပါမယ်။ Desktop ပေါ်ရှိ အင်တာနက် Shortcut ပေါ်တွင် Right Click နှိပ်ပြီး ကျလာသော အကွက်မှ properties ကို ရွေးချယ် ပေးလိုက်ပါ။
ဆက်လက်ပြီး shortcut key နေရာတွင် Ctrl+Alt+G ကို ရိုက်ထည့်လိုက်ပါ။ Apply ကို တစ်ချက် Click နှိပ်ပါ။ Ok ကို ဆက်လက် Click နှိပ်ပေးလိုက်ပါ။
ထိုအခါ Keyboard မှ Ctrl+Alt + G ကို နှိပ်လိုက်ပါက Browser နှင့်အတူ သင်ရွေးချယ်ထားသော ၀က်ဘ်ဆိုက်ပါ တန်းတက်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Fig(4)
Desktop ပေါ်တွင် Shortcut တစ်ခု ဖန်တီးမှုဟာ ယခုကဲ့သို့ Internet Address များအပြင် သင့်ကွန်ပျူတာအတွင်းရှိ အခြား Local Disk များ၊ File များကိုပါ ဖန်တီးယူနိုင်ပြီး ထိုသို့ ဖန်တီးလိုပါက Browse မှတစ်ဆင့် သင့်ကွန်ပျူတာအတွင်းရှိ Shortcut ပြုလုပ်လိုသော File အား ရွေးချယ်ပေးရမှာပဲ ဖြစ်ပါတယ်။
Fig(5)