IObit Uninstaller Version 2.4

Written by S.N.O Published in 22 Nov 2014

          IObit Uninstaller ကတော့ ကွန်ပျူတာအတွင်းရှိ အသုံးမပြုလိုသော Software များကို စနစ်တကျ Uninstall ပြုလုပ်ပေးမည့် ဆော့ဖ်ဝဲကောင်းတစ်ခု ဖြစ်ပါတယ်။

IObit Uninstaller ဟာ ဆော့ဖ်ဝဲများကို ကွန်ပျူတာအတွင်း Uninstall ပြုလုပ်ပေးနိုင်ရုံသာ မကပဲ ၎င်းဆောဖ့်ဝဲနှင့် ဆက်နွယ်နေသော Temp File များ ၊ Folder များ ၊ Registry များကိုပါ စနစ်တကျရှင်းလင်းပေးမည့် ဆော့ဖ်ဝဲကောင်းတစ်ခု ဖြစ်ပါတယ်။

           IObit Uninstaller ကိုဖွင့်လိုက်လျှင် All Program , Toolbars , Recently Installed , Large Programs , Windows Updates ဆိုပြီး Tag ငါးခု ခွဲခြားပေးထားပါတယ်။

 

 

           All Programs ကတော့ ကွန်ပျူတာအတွင်း ထည့်သွင်းအသုံးပြုထားသော Programs များအားလုံးကို ပြသပေးရန်အတွက် ဖြစ်ပါတယ်။ Program တစ်ခုချင်းစီအလိုက် အသေးစိတ် Uninstall ပြုလုပ်ပေးနိုင်သလို Uninstall ပြုလုပ်ပြီးနောက် တစ်ဆက်တည်း Registry ကိုပါ Scan ပြုလုပ်ပေးပါတယ်။

ဒါကြောင့် Registry အတွင်းရှိ သူနှင့်သက်ဆိုင်သော Temp File များကိုပါ ပေါင်းစပ် ရှင်းလင်းပေးပါတယ်။

          Toolbars ကတော့ ဆော့်ဝဲများအတွင်း ပါဝင်လာသော Browser Toolbar များကို ဖော်ပြပေးသည့် Feature တစ်ခု ဖြစ်ပါတယ်။ များသောအားဖြင့် အင်တာနက်အသုံးပြုရာမှာ ပိုမိုလုံခြုံစိတ်ချမှုရှိစေရန်နှင့် ဆော့ဖ်ဝဲအမျိုးအစားအလိုက် သက်ဆိုင်ရာ Search Engine များကိုပါ ဆော့ဖ်ဝဲများအတွင်း ပေါင်းစပ်ထည့်သွင်းထားပါတယ်။

အဲဒီလို ToolBar တွေကို သင်ဟာ အင်တာနက်အသုံးပြုသူတစ်ဦးမဟုတ်ဘူးဆိုရင်တော့ ကွန်ပျူတာအတွင်းမှ Uninstall ပြုလုပ်နိုင်ပါတယ်။

           Recently Installed ကတော့ မကြာသေးမီအချိန်အတွင်းက သင့်ကွန်ပျူတာအတွင်းထည့်သွင်းထားသော Application များကို ဖော်ပြပေးသည့် Tag တစ်ခု ဖြစ်ပါတယ်။ Large Program ကတော့ File Size အရွယ်အစားကြီးမားသော Program များကို စီတန်းပြသပေးထားသည့် Feature တစ်ခုဖြစ်ပါတယ်။

 

 

           အောက်ဖက်ဆုံးမှာ ပါရှိတဲ့ Windows Updates ကတော့ ကွန်ပျူတာ Windows OS ကို Update ပြုလုပ်ကာ ထည့်သွင်းထားသည့် Program များကို ဖော်ပြပေးသည့်နေရာ တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာအတွင်းရှိ Program များကို စနစ်တကျ Uninstall ပြုလုပ်လိုသူတွေအနေဖြင့် IObit Uninstaller ဆော့ဖ်ဝဲဟာ အသုံးပြုရန် သင့်တော်သော ဆောဖ့်ဝဲကောင်းတစ်ခု ဖြစ်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.