iPhone 6 ဟာ သတ်မှတ်ရက်ထက် နောက်ကျပြီးမှသာ ထွက်လာဖွယ်ရှိ
Apple ကုမ္ပဏီမှ အသစ်ထပ်မံထုတ်လုပ်မည့် iPhone 6 ဟာ လာမည့် စက်တင်ဘာလအတွင်း ထွက်လာဖွယ်ရှိကြောင်း Apple မှ ပြောကြားခဲ့ပေမယ့် ယခုအချိန်မှာတော့ ၎င်းရဲ့ display များကို ဒီဇိုင်းပြန်လည် ပြင်ဆင်နေရတဲ့အတွက် သတ်မှတ်ရက်ထက် နောက်ကျပြီးမှသာ ထွက်ပေါ်လာဖွယ်ရှိကြောင်း ရိုက်တာသတင်းဌာနမှ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Apple ရဲ့ iPhone 6 Display Panel ဟာ ၎င်းရဲ့ Backlight အနေအထားကြောင့် ပြင်ဆင်ရခြင်းဖြစ်ပြီး လက်ရှိ စကရင်များစွာကို ပြန်လည်ပြင်ဆင် နေရတဲ့အတွက် သတ်မှတ်ရက်ထက် နောက်ကျပြီးမှသာ ထွက်ပေါ်လာဖွယ်ရှိပါတယ်။
Apple မှ ၎င်းရဲ့ iPhone 6 ထွက်ရှိမည့်နေ့ကို တိကျစွာ မပြောသေးတာကြောင့် သတင်းဌာနများ အားလုံးဟာလည်း Apple ရဲ့ ပြုပြင်ပြောင်းလဲမှုကို စိတ်ဝင်စား လျှက် ရှိပါတယ်။ ယခုလအစောပိုင်းက Apple ရဲ့ ပြောကြားချက်အရတော့ စက်တင်ဘာလအတွင်း ထုတ်လုပ်သွားဖွယ်ရှိကြောင်း သိရှိရပြီးနောက် ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာရခြင်း ဖြစ်တာကြောင့် အတော်လေး နောက်ကျဖွယ်ရှိကြောင်း ရိုက်တာမှ ပြောကြားခဲ့ပါတယ်။
Apple အနေဖြင့် iPhone 6 အား အရွယ်အစားနှစ်မျိုး ထုတ်လုပ်သွားမှာဖြစ်ပြီး 4.7 လက်မအရွယ် Display နှင့် 5.5 လက်မအရွယ် Display နှစ်မျိုး ခွဲခြားထုတ်လုပ်သွားမှာ ဖြစ်ကြောင်း ၊ နောက်ဆုံးပေါ် Samsung ရဲ့ Large Screen Display များနှင့်အပြိုင် iPhone 6 ကို တွေ့မြင်ရဖွယ်ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။